ဘိုကိုဟာရမ်ကို တိုက်ဖို့ ကန်စစ်သား ၃၀၀ စေလွတ်

ကင်မရွန်းစစ်သားများ (Credit: AFP)
ဘိုကိုဟာရမ် ​စစ်သွေးကြွတွေကို ​နှိမ်နင်းဖို့ ​အမေရိကန် ​အစိုးရက ​စစ်သား ​အယောက် ​၃၀၀ ​ကို ​ကင်မရွန်းနိုင်ငံ ​စေလွတ်မယ်လို့ ​ကြေညာလိုက်ပါတယ်။

အယောက် ​၃၀၀ ​ထဲက ​စစ်သား ​အယောက် ​၉၀ ​ကို ​ပို့ဆောင်ထားပြီးပြီလို့လည်း ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

ထိုးစစ်ဆင်တဲ့ ​နေရာကို ​ပို့ဆောင်မှာ ​မဟုတ်ပေမယ့် ​လုံခြုံရေးနဲ့ ​စောင့်ကြည့်ရေးတွေမှာ ​ပိုမို ​ပါဝင်မယ်လို့ ​ဆိုပါတယ်။

အနောက်အာဖရိက ​ဒေသမှာ ​ဘိုကိုဟာရမ် ​ကြီးစိုးမှုတွေ ​လျော့ကျသွားအောင် ​အခုလို ​ပို့ဆောင်တာလို့ ​ဆိုပါတယ်။

အမေရိကန် ​စစ်သား ​၃၀၀ ​ရဲ့ ​အကူအညီကို ​ကင်မရွန်းနိုင်ငံ ​မလိုအပ်တော့မှ ​ပြန်လည်ခေါ်မယ်လို့လည်း ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ ​အနောက်တိုင်း ​ပညာရေးကို ​ဆန့်ကျင်တဲ့ ​အဖွဲ့ဖြစ်ပြီး ​ပညာသင်ယူနေတဲ့ ​အမျိုးသမီးငယ်တွေကို ​ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ​လုပ်လေ့ရှိပါတယ်။

ဒါ့အပြင် ​IS ​အစ္စလာမ်မစ် ​အဖွဲ့နဲ့လည်း ​အတော်အတန် ​သင့်မြတ်နေတဲ့ ​အဖွဲ့လို့ ​ပြောဆိုနိုင်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဘိုကိုဟာရမ်ကို တိုက်ဖို့ ကန်စစ်သား ၃၀၀ စေလွတ်   ဘိုကိုဟာရမ်ကို တိုက်ဖို့ ကန်စစ်သား ၃၀၀ စေလွတ် Reviewed by THITHTOOLWIN on 09:45 Rating: 5
Powered by Blogger.