အာချေး ပြည်နယ်ဟာ အင်ဒိုနီးရှားမှာ အစ္စလာမ္မစ် ဥပဒေ ကျင့်သုံးတဲ့ ပြည်နယ် ဖြစ်။ |
အာချေး ပြည်နယ်မှာ ရာနဲ့ချီတဲ့ မွတ်ဆလင်တွေက ခရစ်ယာန် ဘုရားကျောင်း တစ်ကျောင်းကို ပထမ တိုက်ခိုက်ခဲ့ပြီး မီးရှို့ ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီနောက် တိုက်ခိုက်သူတွေက နောက်ထပ် ရိုမန် ကက်သလစ် ဘုရားကျောင်း တစ်ကျောင်းကိုလည်း ထပ်မံ မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တစ်ခုက ပြောပါတယ်။
တတိယမြောက် ဘုရားကျောင်းကို ဖျက်ဆီးဖို့ ကြိုးစားစဉ်မှာ ဘုရားကျောင်းကို ခုခံတဲ့ ခရစ်ယာန်တွေ၊ ရဲတွေနဲ့ တိုက်ခိုက်သူ မွတ်ဆလင်တွေ အကြား ထိပ်တိုက် တွေ့ခဲ့ကြရာမှာ မွတ်ဆလင် တစ်ယောက် သေဆုံး ခဲ့တာ ဖြစ်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ အဓိက မွတ်ဆလင် နိုင်ငံ ဖြစ်ပေမယ့် လူနည်းစုတွေ အဖြစ် ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ကွန်ဖြူးရှပ် ဝါဒီတွေလည်း ရှိကြပါတယ်။
BBC Burmese
http://www.bbc.com/burmese
အင်ဒိုနီးရှားမှာ ခရစ်ယာန်ဘုရားကျောင်းတွေ မီးရှို့ခံရ
Reviewed by THITHTOOLWIN
on
19:41
Rating: