ဝေဖန် ကန့် ကွက်မှုများ ကြောင့် "အာပတ်"ရုပ်ရှင်ကားရပ်နားလိုက်ရ



14 October 2015

 နာမည်ကြီး ရုပ်ရှင်ကားပေါင်း အများဆုံး ထုတ်လုပ်ခဲ့သည့် မွန်ကို မေဂျာ Mongkol Major ရုပ်ရှင် ထုတ်လုပ်ရေးမှ ရိုက်ကူးနေသော อาบัติ " အာပတ် "(ပါဠိ ဘာသာဖြင့် အပြစ်ကျခြင်း) အား ထိုင်းနိုင် ယျဉ်ကျေးမှု ၀န်ကြီးဌာန ပြသခွင့် ရုပ်သိမ်းလိုက်ကြောင်းသိရပါသည်။

ဇတ်လမ်းတွင် ရဟန်းတို၏့ စောင့်ထိမ်းရမည့် ကျင့်ဝတ် သိက္ခာအား ချိုးဖေါက်ပြီး အမျိုးသမီးတဦးနှင့် ချစ်ကြိုက်ရာမှ ချစ်သူမှာ သရဲမဖြစ်နေခဲ့သည့် ဇတ်ဝင်ခန်းများတွင် သာသနာကို မလေးမစား ပြုစေမည့် ရိုက် ကွတ် များ ပါနေသဖြင့် သာသနာ ရေး အဖွဲ့ များ-လူမှုအဖွဲ့ များ က ၀ိုင်းဝန်း ကန့် ကွက် ခဲ့ကြခြင်း ဖြစ်သည်။

"အာပတ် " ဇတ်ကားကို ရေးသားခဲ့သူ ဇတ်ညွှန်းစာရေးဆရာမနှင့် TV 3 သတင်းဌာန တွေ့ ဆုံဆွေးနွေးခန်းတွင် "ကျွန်မအနေနဲ့  သာသနာ ကို စော်ကားဘို့  ရည်ရွယ်တာမဟုတ်ဘဲ ၀ိနည်း နဲ့  မညီတဲ့ သံဃာတွေ လူ့ ဘောင် အဖွဲ့ စည်းမှာ ရှိနေတာကို ပြသချင်တာပါ"
ဟု ဖြေကြားသွားခဲ့ပါသည်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW


ဝေဖန် ကန့် ကွက်မှုများ ကြောင့် "အာပတ်"ရုပ်ရှင်ကားရပ်နားလိုက်ရ   ဝေဖန် ကန့် ကွက်မှုများ ကြောင့် "အာပတ်"ရုပ်ရှင်ကားရပ်နားလိုက်ရ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.