ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်။ Photo: Kan Thar/RFA |
ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး တိုက်ပွဲဖြစ်နေရာမှာ ဒဏ်ရာပြင်းထန်တဲ့ ရွာသား ၄ယောက်ထဲမှာ တစ်ဦးက စိုးရိမ်ရတယ်လို့ ရွာသားတွေကို အကူအညီပေးနေတဲ့ တအာင်းအမျိုးသမီးများအဖွဲ့ TWO အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ် က ပြောပါတယ်။
"၃ နာရီခွဲလောက်မှာ စစ်ပွဲဖြစ်သွားတယ်၊ စစ်ပွဲဖြစ်တဲ့အခါကျတော့ စစ်သားတွေက အကုန်လုံးပြေးပုန်းကြ တာပေါ့နော်၊ ရွာသားတွေကလည်း စစ်ပွဲဖြစ်တဲ့အခါကျတော့ ပြေးပုန်းပြီးတော့မှ၊ သူတို့အပြန်အလှန် ပစ်ခတ်ကြတာပေါ့၊ အဲ့လိုပစ်ခတ်တဲ့အခါမှာ ရွာသားတွေအနေနဲ့က ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး၊ တချို့ရွာသားတွေက လမ်းဘေးမှာပဲပြေးပုန်းတဲ့အခါမှာ မိုင်းနင်းမိပြီး လေးယောက်က အပြင်းအထန် ဒဏ်ရာရတယ်"
အလားတူ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲနဲ့ မိုးမိတ်မြို့နယ်တို့မှာ တအာင်းတပ်တွေနဲ့ အစိုးရတပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ နယ်အတွင်းက ကျေးရွာတွေနဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်တွေ သွားလာလှုပ်ရှားတဲ့နေရာတွေ ဖြစ်တာကြောင့် အစိုးရစစ်တပ်နဲ့ မကြာခဏတိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
အစိုးရတပ်နဲ့ တအာင်းတပ် တိုက်ပွဲဖြစ်၊ ရွာသား ၄ ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
18:31
Rating: