သေဆုံးသွားတဲ့ ခေါင်းဆောင်ဟောင်း Mullah Omar (Credit: ABC licensed) |
နိုင်ငံတကာတပ်တွေရဲ့ တိုက်ခိုက်မှု ရပ်သွားတဲ့ အချိန်မှ ထုတ်ပြောဖို့ အခုလို ဖုံးကွယ်ခဲ့တာလို့ လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ခေါင်းဆောင်ဖြစ်သူ Mullah Omar သေဆုံးခဲ့ကြောင်း တာလီဘန်တွေက ထုတ်ဖော်ပြောကြားခဲ့ပေမယ့် အဖွဲ့အတွင်း သင်းကွဲမှုတွေကို စိုးရိမ်တဲ့အတွက် ဘယ်တုန်းက သေဆုံးသလဲ ဆိုတာကိုလည်း မပြောခဲ့ပါဘူး။
ခေါင်းဆောင်ပိုင်းကနေ ကြေညာချက်တွေကို Mullar Omar နာမည်နဲ့ ထုတ်နေခဲ့ပြီး သူတို့ကို အသိမပေးတဲ့ အပေါ် တာလီဘန် အဖွဲ့ဝင် တချို့က မကျေမနပ် ဖြစ်နေကြပါတယ်။
အဖွဲ့အတွင်း စိတ်ဝမ်းကွဲမှုတွေကို ထိန်းချုပ်ဖို့အတွက် တာလီဘန် ခေါင်းဆောင်သစ် Mullah Akhtar Mansour က မကြာသေးမှီက သူ့ရဲ့ရုပ်ပုံကို ထုတ်ဖော်ခဲ့ပါတယ်။
ခေါင်းဆောင်ဟောင်း Mullah Omar ဟာ ဘင်လာဒင်ရဲ့ သမီးအကြီးဆုံး နဲ့ ၁၉၈၈ မှာ အိမ်ထောင်ကျခဲ့သူဖြစ်ပြီး ၂၀၀၁ ခုနှစ်ကတည်းက အပြင်လောက နဲ့ အဆက်အသွယ် ဖြတ်ထားသူ ဖြစ်ပါတယ်။
Mullah Omar ဟာ သာမန် ၉၆ ပါးရောဂါ နဲ့ အသက်သေဆုံးခဲ့ကြောင်း တာလီဘန်အဖွဲ့က ပြောဆိုပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Mullah Omar သေဆုံးမှု တာလီဘန်ဖွင့်ဟ
Reviewed by THITHTOOLWIN
on
17:16
Rating: