သြစတြေးလျရဲ့ တိုက်လေယာဉ်တစ်စင်း (Credit: ABC licensed) |
သုံးကြိမ်တိုက်ခိုက်မှု လုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနေရာတွေကတော့ ရေနံစုဆောင်းရာနေရာ၊ IS အတွက် အချက်အချာကြတဲ့နေရာတစ်ခုနဲ့ IS အဖွဲ့အတွက် ပစ္စည်းတွေ သယ်ဆောင်ပေးတဲ့ ယာဉ်ကို တိုက်ခိုက်မှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
အဲဒီတိုက်လေယာဉ်တွေဟာ သူတို့ ပစ်မှတ်ထားတဲ့ နေရာကို ပစ်ခတ်ဖို့ ခွင့်တောင်းပြီး လေယာဉ်ထိန်းချုပ်ရေးဌာနက ခွင့်ပြုမှသာ ပစ်မှတ်ကို တိုက်ခိုက်တာလို့ ဆိုပါတယ်။
အဝေးကနေ တိုက်ခိုက်တာ ဖြစ်တဲ့အတွက် သြစတြေးလျ တိုက်လေယာဉ်တွေအနေနဲ့ ပြန်လည် တိုက်ခိုက်ခံရနိုင်တဲ့ အလားအလာ မရှိဘူးလို့ ပြောပါတယ်။
ဒီလို တိုက်ခိုက်မှုအတွင်း ပြည်သူတွေကို မထိခိုက်စေလိုတဲ့အတွက် သေခြာတွက်ချက်ပြီးမှ တိုက်ခိုက်မှု လုပ်တာလို့လည်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ဆီးရီးယားနိုင်ငံက IS ကို တိုက်ခိုက်သူတွေထဲမှာ အမေရိကန်၊ ကနေဒါ၊ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗီးယား၊ တူရကီနဲ့ UAE နိုင်ငံတို့ ပါဝင်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အီရတ်မှာ ရှိတဲ့ IS ကိုလည်း ဝေဟင်ကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဆီးရီးယားက ISကို သြစီ စတိုက်ပြီ
Reviewed by THITHTOOLWIN
on
11:26
Rating: