အသက်ဘေးကင်းစွာ ကူးခတ်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူများ (Credit: Reuters) |
သေဆုံးသူ ၃၄ ယောက်ထဲက တစ်ဝက်လောက်ဟာ ကလေးငယ်တွေ ဖြစ်ကြပြီး လူပေါင်း ၃၀ ကတော့ အနီးနားက ကျွန်းအထိ ရေကူးနိုင်ခဲ့ကြပါတယ်။
၆၈ ရောက်ကိုတော့ ကမ်းခြေစောင့်တပ်တွေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။
သစ်သားနဲ့ ပြုလုပ်ထားတဲ့ လှေပေါ်မှာ လူပေါင်း ၁၀၀ ကျော် တင်ဆောင်လာတာ ဖြစ်ပါတယ်။
ခိုလှုံခွင့် တောင်းလိုသူ ထောင်သောင်းနဲ့ချီဟာ ဒီနှစ်အတွင်း ဂရိနိုင်ငံထဲ ဝင်လာနေကြတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဆီးရီးယား နိုင်ငံသား အများဆုံးပါဝင်ပြီး ဂရိကနေတဆင့် မြောက်ပိုင်းမှာရှိတဲ့ ဂျာမနီ လိုနိုင်ငံကို သွားရောက်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
ဂျာမနီက နယ်စပ်တင်းကြပ်ထား
ခိုလှုံခွင့် တောင်းလိုသူတွေ ဝင်ရောက်လာမှုကို လျှော့ချနိုင်ဖို့အတွက် နယ်စပ်ဂိတ်တွေကို ခေတ္တ ပိတ်ချထားမယ်လို့ ဂျာမနီအစိုးရက ကြေညာလိုက်ပါတယ်။
ဒါ့အပြင် သြစတီးယားနိုင်ငံကနေ ဂျာမနီကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကိုလည်း ရပ်တန့်လိုက်ပြီ ဖြစ်ပါတယ်။
ဂျာမနီအနေနဲ့ တတ်နိုင်သလောက် လုပ်ဆောင်ပြီဆိုတဲ့အကြောင်း အီးယူအဖွဲ့ဝင်ကို အသိပေးလိုတဲ့အပြင် ဒုက္ခသည်တွေ သေဆုံးမှု ထပ်မဖြစ်ရအောင် အခုလို နယ်စပ်ဒေသကို ပိတ်ချတာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Thomas De Maiziere က ပြောပါတယ်။
ဂျာမနီအနေနဲ့ လှိုက်လှိုက်လှဲလှဲကို ကူညီတယ်ဆိုတာကို ပြသခဲ့တဲ့အကြောင်း ဒီထက်ပိုပြီး လုပ်ဆောင်လို့ မရတော့တဲ့အကြောင်း ပြောပါတယ်။
ဥရောပတိုက်က တခြားနိုင်ငံကို အသိပေးလိုတာကတော့ ဂျာမနီအနေနဲ့ လုပ်သင့်တဲ့ လူသားခြင်း စာနာမှု တာဝန်ကို လုပ်ခဲ့ပြီဆိုတာကို ပြသလိုပြီး များပြားလှတဲ့ ဒုက္ခသည်တွေကို တခြားနိုင်ငံတွေကလည်း လက်ခံခေါ်ယူသင့်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံကလည်း ဆားဗီးယားနဲ့ ထိစပ်နေတဲ့ နယ်စပ်တလျှောက်လုံးကို ပိတ်ချနိုင်တယ်လို့ ပြောဆိုနေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ခိုလှုံသူလှေမှောက် ၃၄ သေ၊ ဂျာမနီ နယ်စပ်တင်းကြပ်
Reviewed by THITHTOOLWIN
on
17:52
Rating: