စစ်ကိုင်းတိုင်း ခ န္တီးနဲ့ဟုမ္မလင်းမြို့တွေမှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို အနည်းငယ်ကျော်လာနေပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ဒီရက်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့မိုးလေဝသခန့်မှန်းချက်တွေရှိပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းကနေ စက်တင်ဘာ ဒုတိယ အပတ်လောက် မုတ်သုန်မိုး ဆုတ်ခွာနိုင်ပေမယ့် အချို့နေရာတွေမှာ မိုးရေချိန် ၃လက်မ အထိမိုးရွာနိုင်လို့ မိုးကြီးမယ့် သတိပေးချက်တွေ ထုတ်ပြန်ထားတာလို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဘီဘီစီကိုပြောပါတယ်။
အခုချိန်အထိ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ရေကြီးမှုတွေ ရှိနေသေးတဲ့အတွက် မြစ်အောက်ပိုင်း ဒေသတွေမှာ မြစ်ရေမြင့်တက်နိုင်တဲ့ အနေအထား တွေ့ရတယ်လို့လည်း ဦးလှထွန်းကပြောပါတယ်။
အခုအခါ ချင်းတွင်းမြစ်ရေ စိုးရိမ်မှတ်ကျော်နေတဲ့အတွက် ခမ္တီး ဟုမ္မလင်းမြို့တွေအတွက် သတိပေးချက်တွေ ထုတ်ပြန်ထားကြောင်း မိုးဇလ ဦးစီးဌာနကပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
မြန်မာနိုင်ငံ အချို့ဒေသမိုးကြီးနိုင်
Reviewed by THITHTOOLWIN
on
03:02
Rating: