![]() |
ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ |
၎င်းသည် ယခုလ (၂၆) ရက်နေ့က နေအိမ်၌ အမဲသားအား မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ခဲ့ကြောင်း၊ မီးသွေးမီးဖို၌ မီးအရှိန် မရှိတော့သဖြင့် ငြှိမ်းသတ်ခြင်း မပြုဘဲ လေအေးပေးစက်ဖွင့်ကာ အိပ်စက်ခဲ့သဖြင့် မီးခိုးငွေ့များ ရှူရှိုက်မိခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။
၎င်းမှာ အသက်အရွယ် ကြီးရင့်သူ ဖြစ်ခြင်း၊ နှလုံးရောဂါနှင့် သွေးတိုးရောဂါအခံရှိသူ ဖြစ်ခြင်းတို့ကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသစဉ် သေဆုံးသွားကြောင်း သိရသည်။ အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရ၍ သေမှုသေခင်း အမှတ်စဉ် (၁၉/ ၁၅) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
The Messenger Media
http://messengernewsjournal.com
မီးခိုးငွေ့များ ရှူရှိုက်မိရာမှ သေဆုံး
Reviewed by THITHTOOLWIN
on
18:26
Rating:
