Ice လို့ခေါ်တဲ့ တရားမဝင် မူးယစ်ဆေးဝါး တစ်မျိုး (Credit: AFP) |
မြန်မာအပြင်၊ ဗင်နီဇွဲလား၊ ဘိုလီးဗီးယားတို့လည်း မြန်မာနိုင်ငံလိုပဲ မူးယစ်ကုန်ကူးမှုမှာ မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ပြောဆိုထားတာပါ။
အမေရိကန် အစိုးရက အဲဒီလို မူးယစ်ကုန်ကူးမှုကို ထိရောက်စွာ မကိုင်တွယ်နိုင်တဲ့ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ပေမယ့် မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံကိုတော့ ဒီတစ်ခါ သက်သာရာပေးမယ်လို့ သိရပါတယ်။
အကြောင်းရင်းကတော့ မြန်မာနဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဒီမိုကရေစီအရေး ဖြစ်ပေါ်လာစေချင်လို့ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဘိုလီးဗီးယားနိုင်ငံကိုတော့ ဘယ်လိုတုန့်ပြန်သွားမလဲ ဆိုတာ မသိရသေးပါဘူး။
အာဖဂန်နစ္စတန်၊ ကိုလံဘီယံ၊ အီကွေဒေါ၊ အိန္ဒိယ၊ လာအို၊ မက္ကဆီကို အစရှိတဲ့ နိုင်ငံ ၁၉ နိုင်ငံက မူးယစ်ဆေးဝါးတွေဟာလည်း အမေရိကန်ကို ဝင်ရောက်နေပမယ့် အဲဒီနိုင်ငံက မြန်မာနိုင်ငံလို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်တဲ့ စာရင်းထဲ မပါဝင်ဘူးလို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာရဲ့ မူးယစ်ကိုင်တွယ်မှုကို ကန်ဝေဖန်
Reviewed by THITHTOOLWIN
on
04:05
Rating: