ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကို သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ် မှာတွေ့ရစဉ်။ Photo: RFA |
ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာမယ့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ RFA ရဲ့ မေးမြန်းချက်ကို ဦးတင်အေးက ဖြေကြားခဲ့တာပါ။
"အဲ့မှာကပ်ပေးမယ်၊ လာကြည့်ပါ၊ မပါရင်ဖြည့်ပါ၊ ပုံစံ ၃ နဲ့ မှားရင်ပြင်ပါ၊ ပါသင့်တာ မပါရင် ပုံစံ ၄ နဲ့ ကန့်ကွက်ပါ"
မဲဆန္ဒရှင်တွေရဲ့စာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ၁၄ ရက် (၂ပတ်) ကြာ ကပ်ထားမှာဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူစာရင်းထဲမှာ နံမည်မပါရင် ပုံစံ(၃) နဲ့ ဖြည့်ဖို့ ၊ နံမည်နဲ့ မှတ်ပုံတင်နံပါတ်တွေ မှားယွင်းနေရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်ဖို့ ၊ သေဆုံးသူနာမည်တွေပါနေရင် ပုံစံ ၄ တို့နဲ့ ပယ်ဖျက်နိုင်သေးကြောင်း ပြောပါတယ်။ ဒီတစ်ကြိမ်မဲစာရင်းဟာ အတည်ဖြစ်မှာဖြစ်တဲ့အတွက် မဲစာရင်းကို မဖြစ်မနေ ကြည့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ ရေဘေးသင့်ဒေသက မဲဆန္ဒရှင်တွေကိုတော့ မဲစာရင်းကြည့်နိုင်ဖို့အတွက် ၂ပတ်ထက်ကျော်ပြီး လုံလောက်တဲ့အချိန်ပေးထားမယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မဲစာရင်း အမှားအယွင်းတွေ ပြင် ဆင်နိုင်သေးကြောင်း ဦးတင်အေးပြော
Reviewed by THITHTOOLWIN
on
05:32
Rating: