ချီလီနိုင်ငံမှာ ရေကြီးမှုလည်း ဖြစ်ခဲ့ပါတယ်။ (Credit: Reuters) |
အမြင့်အားဖြင့် ၄.၅ မီတာ ဒါမှမဟုတ် ၁၄ ပေကျော်အထိ ရှိတဲ့ ရေလှိုင်းတွေက ကမ်းရိုးတမ်းမြို့တွေထဲ ဝင်လာတဲ့အတွက် ရေကြီးမှုတွေ ဖြစ်နေပါတယ်။
ဒေသစံတော်ချိန် ည ၈ နာရီမှာ ဖြစ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၅ ဦး သေဆုံးရပြီလို့ ချီလီ သမ္မတက ပြောပါတယ်။
ကမ်းရိုးတမ်းမှာ နေတဲ့လူတွေ ရွှေ့ပြောင်းမှု လုပ်ဖို့လည်း ချီလီအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
လူပေါင်း သန်းနဲ့ချီ နေရာရွှေ့ပြောင်းနေကြတယ်လို့လည်း သိရပါတယ်။
အင်အားကြီးမားတဲ့ ငလျင်က ချီလီနိုင်ငံ အလယ်ပိုင်းနားက ပင်လယ်ပြင်မှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာ ဖြစ်ပြီး ၂ မိနစ်လောက် တုန်ခါခဲ့တယ်လို့ ချီလီမှာ ရောက်ရှိနေတဲ့ သြစတြေးလျ နိုင်ငံသားက ပြောပါတယ်။
ဆူနာမီ ရေလှိုင်းတွေကို သတိထားဖို့ သတိပေးချက်ကိုလည်း ချီလီနိုင်ငံ တစ်ခုလုံးမှာ ဆက်လက် ထုတ်ပြန်ထားသလို ပီရူးနိုင်ငံက ပစိဖိတ် ကမ်းရိုးတန်းနဲ့ French Polynesia နိုင်ငံအထိ ထုတ်ပြန်ထားပါတယ်။
အဲဒီ ဆူနာမီ ရေလှိုင်းတွေဟာ ပစိဖိတ် ကျွန်းငယ်တွေသာမက သြစတြေးလျ၊ ထိုင်ဝမ်နဲ့ မလေးရှား အထိထောင် ရောက်လာနိုင်ပေမယ့် အသေးစား ရေလှိုင်းတွေ ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။
အရင်နှစ် ဧပြီလတုန်းကလည်း ပြင်းအား ၈.၂ ရှိတဲ့ ငလျင်တစ်ခု ချီလီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့အတွက် လူ ၆ ယောက်သေဆုံးပြီး တစ်သန်းလောက် နေအိမ်ကနေ ပြောင်းရွှေ့ခဲ့ရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ချီလီမှာ ငလျင်လှုပ် ဆူနာမီဖြစ်
Reviewed by THITHTOOLWIN
on
19:07
Rating: