မဲစာရင်းမှာ မိမိနာမည် ပါမပါ လာစစ်ဆေးဖို့ တိုက်တွန်း (ဓာတ်ပုံ - အောင်နေမျိုး) (Credit: ABC Licensed) |
မဲစာရင်းကို ၁၄ ရက်ကြာ ကြေညာထားမှာဖြစ်ပြီး မဲပေးခွင့်ရှိသူတွေအနေနဲ့ မဲစားရင်းမှာ မိမိနာမည် ပါမပါကို သွားရောက်ကြည့်ရှုကြဖို့လည်း ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။
မဲစာရင်းမှာ ကိုယ့်နာမည် မပါတာတွေနဲ့ အချက်အလက် မှားယွင်းတာမျိုး ဖြစ်နေရင် နှစ်ပတ်အတွင်း ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါဟာ နောက်ဆုံးအကြိမ် မဲစာရင်းပြင်ဆင်မှု ဖြစ်တဲ့အတွက် လာရောက် စစ်ဆေးကြဖို့လည်း ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။
အရင်တစ်ခေါက်တုန်းက မဲစာရင်းမှာ အမှားတွေ အများအပြားပါတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်အတွက် မျက်နှာ်ပျက်ခဲ့ရပြီး အခုတခါ ပြင်ဆင်မှုတွေလုပ်ပြီး ဒုတိယအကြိမ် ကြေညာတာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒုအကြိမ် မဲစာရင်း ကြေညာပြီ
Reviewed by THITHTOOLWIN
on
18:27
Rating: