မူးယစ်ဓါတုဆေးသစ် စစ်ဆေးရေး သင်တန်း |
မဲဆောက် မြဝတီ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဟာ ထိုင်း မြန်မာ နယ်စပ် မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်လို့ ဒီလမ်းကြောင်း ကနေ ဓါတု ပစ္စည်း အသစ်တွေ ကို သယ်ဆောင် လာနိုင်တယ် လို့ နှစ်နိုင်ငံ မူးယစ် နှိမ်နင်းရေး ဌာန တွေ က အထူး သတိပြုနေ ကြတာပါ။
အဲဒီ အတွက် မဲဆောက် နဲ့ မြဝတီ ခရိုင်တွေ က မူးယစ်ဆေးဝါး နှိမ်နင်းရေး ဌာန တာဝန် ရှိသူတွေ ကို ထိုင်းမူးယစ် ဆေးဝါး နှိမ်နင်းရေး ဌာန မှ ဓါတု ပစ္စည်း အမျိုးအစားသစ် တွေ ရှာဖွေ စစ်ဆေးနည်း ကို သင်တန်း ပို့ချ ရခြင်းနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ဆိုင်ရာ အတတ်ပညာ နဲ့ ဓါတ်ခွဲ ကျွမ်းကျင်မှု သိပ္နံ ရဲ့ ညွှန်ကြားရေးမှူး က ဒေသတွင်း ရှိ မူးယစ်ဆေး ထုတ်လုပ်နိုင်တဲ့ အခြေခံ ဓါတု ပစ္စည်းတွေ ဟာ Epharine နဲ့ Pseudo Epharine သုံးရာကနေ လူသိများသွား တဲ့ အကြောင်း ဒါကြောင့် မို့ Faduing 2 Komonon ကို အသုံးပြုလာပုံ ရှင်းပြပါတယ်။
ဒါ့အပြင် စက်မှု လုပ်ငန်းသုံး ဓါတု ပစ္စည်းများ၊ အအေးမိ ရောဂါ ပျောက်ဆေး နဲ့ စိုက်ပျိုးရေး ထွက်ကုန်တချို့ပါ သုံးစွဲ လာတဲ့ အတွက် တာဝန်ရှိသူတွေ မျက်ခြေ မပြတ်အောင် သုတေသန ပြု ထားတာ ကို မျှေဝ ပုံ ကို ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ဆိုင်ရာ အတတ်ပညာ နဲ့ ဓါတ်ခွဲ ကျွမ်းကျင်မှု သိပ္နံ ရဲ့ ညွှန်ကြားရေးမှူး က ပထမ ဆုံး ပြုလုပ်တဲ့ သင်တန်းမှာ ပို့ချပေးတာပါ။
ထိုင်း နဲ့ မြန်မာ နိုင်ငံ က ဓါတုပစ္စည်းတွေ မူးယစ်ဆေး ထုတ်လုပ် တဲ့ နေရာ တွေ မရောက်အောင် ကြိုးပမ်း နေချိန် မှာ အိန္ဒိယ နဲ့ တရုတ် နိုင်ငံ တွေ ဘက် က ဓါတု ပစ္စည်းတွေ ဟာ မြန်မာ နိုင်ငံ ထဲ မှောင်ခို ဝင်နေလို့ မူးယစ်ဆေး ထုတ်လုပ်မှု ကျဆင်းအောင် လုပ်နေမှု ကို အဟန့်အတား ဖြစ်စေကြောင်း မဲဆောက် မှ ဘီဘီစီ သတင်းထောက် ကို ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး ဌာန မှ တာဝန်ခံ တွေ က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
မူးယစ်ဓါတုပစ္စည်းသစ် စစ်ဆေးရေး သင်တန်းပေး
Reviewed by THITHTOOLWIN
on
04:12
Rating: