တာလီဘန်တွေ လက်အောက်ကျရောက်သွားတဲ့ ခွန်ဒုဇ်မြို့ကို ပြန်လည်သိမ်းပိုက်ဖို့ အာဖဂန်အစိုးရ တပ်တွေက စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ပြီး နောက်တနေ့မှာတော့ ခွန်ဒုဇ်မြို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပေါ်နေပါတယ်။
အာဖဂန်စစ်တပ်ရဲ့ အမာခံဖြစ်တဲ့ ခွန်ဒုဇ်မြို့ လေယာဉ်ကွင်းကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ တာလီဘန်တွေဟာ အင်္ဂါနေ့က အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ခုကြောင့် မအောင်မြင်ခဲ့ပါဘူး။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု နှစ်ခုအတွင်းမှာ အဲဒီဒေသတွင်းရှိ တာလီဘန်ခေါင်းဆောင်နဲ့ သူ့ရဲ့လက်ထောက်တို့ သေဆုံးခဲ့တယ်လို့ အာဖဂန်နစ်စတန် ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့ပေမယ့် တာလီဘန်တွေဘက်ကတော့ ငြင်းဆိုထားပါတယ်။
ခွန်ဒုဇ်မြို့ တာလီဘန်တွေ လက်အောက်ကျရောက်သွားခဲ့တာဟာ ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ သူတို့အတွက် ကြီးမားတဲ့ အောင်မြင်မှုတရပ် ဖြစ်ပါတယ်။
အာဖဂန်မြောက်ပိုင်းက ခွန်ဒုဇ်မြို့ကို တာလီဘန်လက်နက်ကိုင်တွေထံ လက်လွှတ်ဆုံးရှုံးခဲ့ရတာဟာ နှောင့်နှေးမှုကြီးတခုဖြစ်ကြောင်း ဒါပေမယ့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေ ပြန်သိမ်းယူနိုင်မယ်ဆိုတာကို အခိုင်အမာ ယုံထားဆဲဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။
ခွန်ဒုဇ်မြို့တ၀ိုက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပေမယ့် အာဖဂန် အစိုးရတပ်နဲ့ တာလီဘန်တို့အကြား ဘယ်သူက ဘယ်နေရာကို ထိန်းချုပ်ထားနိုင်တယ်ဆိုကိုတော့ ကွဲပြားစွာ မသိရှိနိုင်သေးပါဘူး။
BBC Burmese
https://www.facebook.com/bbcburmese
ခွန်ဒုဇ်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ
Reviewed by THITHTOOLWIN
on
18:20
Rating:
