ရန်ကုန် စက်တင်ဘာ ၁
သြဂုတ် ၃၁ ရက်ည ၈ နာရီ ၄၅ မိနစ်ခန့်က ကမ်းနားလမ်းအတိုင်း ကြည့်မြင်တိုင်မြို့နယ်ဘက်မှ ယာဉ်မောင်းသိန်းလွင် (၃၁ နှစ်)မောင်းနှင် လာသည့် 4B/------ NISSANအမျိုးအစားကွန်တိန်နာယာဉ်သည် အလုံ မြို့နယ် လွတ်လပ်ရေးရပ်ကွက် ကမ္ဘောဇဘဏ်ရှေ့အရောက်တွင် အရှိန်မထိန်း နိုင်မှုကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ကွန်တိန်နာယာဉ်တိမ်းမှောက်မှုကြောင့် ကမ္ဘောဇဘဏ်ရှေ့တွင် ရပ်ထား သော ၃စ/------- ဟွန်ဒါပစ်ကိုယ်ပိုင်ယာဉ်နှင့် ယာဉ်အမှတ်မတပ်ဆင်ရ သေးသော ကာဒီးနားကိုယ်ပိုင်ယာဉ်ပေါ်သို့ ကျရောက်ခဲ့သည့်အတွက် ယာဉ် ငယ် နှစ်စီးစလုံး ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် လူတစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိခဲ့မှုမရှိခဲ့သော်လည်း ယာဉ်ကို မဆင်မခြင်မောင်းနှင်သည့်ကွန်တိန်နာယာဉ်မောင်းသူ ကို အလုံမြို့နယ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အလုံကမ်းနားလမ်းပေါ်၌ ကွန်တိန်နာယာဉ်တိမ်းမှောက်
Reviewed by THITHTOOLWIN
on
06:51
Rating: