ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် သြဂုတ်လနှင့် စက်တင်ဘာလ အတွင်းယှဉ်ပြိုင် ကစားရမည့် ခြေစမ်းပွဲများ၊ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ပဏာမမြန်မာ့ လက်ရွေးစင် အသင်းကို နည်းပြချုပ် အဗရာမိုဗစ်ခ်ျ၏ ရွေးချယ် ဖွဲ့စည်းမှုဖြင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။
အဗရာမိုဗစ်ခ်ျ စိတ်ကြိုက် ရွေးချယ်ထားသည့် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းတွင် ဖီဖာ ယူ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာ ယူ၂၀ အသင်းမှ မျိုးမင်းလတ်၊ အောင်သူ၊ သန်းပိုင်၊ ကျော်မင်းဦး၊ နန္ဒကျော်၊ မောင်မောင်လွင် တို့ (၆) ဦး၊ ၂၀၁၅ ဆီးဂိမ်း ငွေတံဆိပ်ရ မြန်မာ ယူ ၂၃ အသင်းမှ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ ရဲကိုဦး၊ စည်သူအောင်၊ ရှိုင်းသူရ၊ လှိုင်းဘိုဘို ၊ နေလင်းထွန်း ၊ သီဟဇော်၊ ချစ်စုမိုး တို့ (၉) ဦး ပါဝင်လာခဲ့ပြီး MNL (2) ပြိုင်ပွဲဝင် ဆောက်သမ်း မြန်မာ (Southern Myanmar) ဘောလုံး အသင်းမှ ဂိုးသမား ဇော်ထက်လင်း သည်လည်း ပထမဆုံး အကြိမ်အဖြစ် ပါဝင်လာခဲ့သည်။
မြန်မာ့ လက်ရွေးစင် အသင်းသည် လာမည့် ခြေစမ်းပွဲများနှင့် ခြေစစ်ပွဲများအတွက် သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ စုဖွဲ့ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းတွင် ၂၀၁၅ ဆီးဂိမ်း ပြိုင်ပွဲဝင် မြန်မာ ယူ၂၃ အသင်းအား တာဝန်ယူခဲ့သည့် အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင်၊ နည်းပြချုပ် ဦးကြည်လွင်၊ ဂိုးနည်းပြ ဦးအောင်သက် တို့ကိုလည်း အောက်ဖော်ပြပါ အတိုင်းတွဲဖက် တာဝန် ပေးထားသည်။
မြန်မာ့ လက်ရွေးစင် အသင်း နည်းပြ /အုပ်ချုပ် အဖွဲ့တွင် အုပ်ချုပ်သူ - ဦးသန်းတိုးအောင် (ဆောက်လုပ်ရေး ဝန်ကြီးဌာန)၊ နည်းပြချုပ် - မစ္စတာ အဗရာမိုဗစ်ခ်ျ ၊ လက်ထောက်နည်းပြ - ဦးကြည်လွင် (မကွေး) ဂိုးနည်းပြ - ဦးအောင်သက် (ဟံသာဝတီ)၊ ကြံ့ခိုင်ရေး နည်းပြ - မစ္စတာ လူကာ ကိုဗာစီဗစ် ၊ဆရာဝန် - ဒေါက်တာ အောင်ကျော်ဦး ၊ အသင်းမီဒီယာ အရာရှိ - ဦးဇော်မင်းထိုက် ၊ အကြောပြင် ဆရာ- ဦးထွန်းဇော် Video Analysit- ဦးအောင်အောင်ထွန်း ၊ အသင်းအတွင်းရေးမှူး - ဦးထွန်းထွန်းအောင် တို့ကို တာဝန် ပေးထားကြောင်း သတင်းထုတ်ပြန်သည်။
(Xinhua)
http://xinhuamyanmar.com
ကမ္ဘာ့ဖလား အပါအဝင် ခြေစမ်းပွဲများ အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်း ထုတ်ပြန်
Reviewed by သစ်ထူးလွင်
on
18:18
Rating:
![ကမ္ဘာ့ဖလား အပါအဝင် ခြေစမ်းပွဲများ အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်း ထုတ်ပြန်](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExxsMoEsME12wjMcrfrccQ3-m-rQpUJBaGj4-ehyphenhyphenzYaBnLvHBRxt_7xRjqeDAJvNjM8Ui3vrOQo0zGIM11EpPmgx0fE7AtGXBY-Fpiky9GSte3Q0oIW8HvPzPSooE-CPbGzoUpJvCLWY/s72-c/1.jpg)