ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို တွေ့ရစဉ်။ Photo: RFA |
ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဌတာဝန်ကနေ ဖယ်ရှားခံရပြီး ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ သူရဦးရွှေမန်းရဲ့ သားဖြစ်သူ ဦးတိုးနိုင်မန်း လုံခြုံရေးအရလည်း အရင်ကရှိခဲ့တဲ့ နေအိမ်လုံခြုံရေးသာရှိကြောင်း အခုလို ပြောပါတယ်။
"ကောလာဟလထွက်နေကြတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတယ်ဆိုတာ မဟုတ်ပါဘူး၊ သူ့ရဲ့ပုံမှန်လွှတ်တော်ဆိုင်ရာကိစ္စတွေ သူဆက်လက်ဆောင်ရွက်နေပါတယ်၊ သူ့ရဲ့နဂိုမူရင်းလုံခြုံရေးအဖွဲ့အစည်းက လုံခြုံရေးယူထားပေးတဲ့ ပုံစံအတိုင်းပဲ ဆက်လက်သွားလာနေပါတယ်"
ဦးတိုးနိုင်မန်းက အခုလို အခြေအနေဖြစ်လာမယ်ဆိုတာ အရင်ကတည်းက မျှော်လင့်ထားပြီးဖြစ်ကြောင်း ဘယ်လိုအချိန်မှာဖြစ်လာမယ်ဆိုတာသာ မသိကြောင်းလည်း သူရဦးရွှေမန်း ပါတီရဲ့ ပူးတွဲဥက္ကဌတာဝန်က ဖယ်ရှားခံရတာနဲ့ ပတ်သက်ပြီး ပြောပါတယ်။
ဒါ့အပြင် ဦးတိုးနိုင်မန်းရဲ့ ချယ်ရီ FM ကို လည်ပတ်ခွင့် ပိတ်ပင်လိုက်တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာ ချယ်ရီ FM ရှမ်းပြည်မှာ အသံလွှင့်ခဲ့တာ ၆ နှစ်မြောက် ပြည့်တော့မှာဖြစ်ကြောင်း လုပ်ငန်းပိုင်းဆိုင်ရာကိစ္စအတွက် ချယ်ရီရဲ့ တာဝန်ခံဟာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဖို့ရှိကြောင်း၊ ချယ်ရီ အသံလွှင့်ရုံတွေမှာ နည်းပညာ အမှားအယွင်းကြောင့် အသံမထုတ်လွှင့်နိုင်တာတော့ ရှိကြောင်း ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
သူရဦးရွှေမန်း ကို ဖမ်းဆီးထိန်းသိမ်းထားတာ မဟုတ်ကြောင်း သားဖြစ်သူပြော
Reviewed by သစ်ထူးလွင်
on
22:08
Rating: