![]() |
(တီရန်ကျင်း Tianjin ဆိပ်ကမ်းမြို့မှာ ဓါတုပစ္စည်းတွေ သိုလှောင်ထားတဲ့နေရာ ပေါက်ကွဲမှုဖြစ်ပြီးနောက် သြဂုတ်လ ၂ဝ ရက်နေ့က တွေ့ရစဉ်) Photo:AFP |
တီရန်ကျင်း Tianjin ဆိုတဲ့ ဆိပ်ကမ်းမြို့မှာ ဓါတုပစ္စည်းတွေ သိုလှောင်ထားတဲ့နေရာကနေ ပေါက်ကွဲမှုဖြစ်တာကြောင့် အဲ့ဒီကုမ္ပဏီက တာဝန်ရှိသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
Rui Hui Logistics Co. က တာဝန်ရှိသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ရဲ့ထွက်ဆိုချက်အရ အစိုးရအတွင်း အဆက်အသွယ်တွေနဲ့ ကုမ္ပဏီရဲ့ သိုလှောင်ရုံဟာ ဘေးအန္တရာယ်ကင်းရှင်းကြောင်း လုပ်ပိုင်ခွင့်ကိုရခဲ့တာလို့ပြောကြောင်း တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၁၃၉ ယောက် သေဆုံးတာအပြင် လူပေါင်း ၅ဝဝ ဆေးရုံတင်ထားရပါတယ်။
တရုတ်နိုင်ငံမှာ စက်မှုလုပ်ငန်းတွေအတွင်း ပေါက်ကွဲမှုတွေဖြစ်ပွားလေ့ရှိပြီး အဲ့ဒါတွေဟာ နောက်ကွယ်က အာဏာပိုင်တွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောဆိုကြပါတယ်။
မီးလောင်ပေါက်ကွဲခဲ့တဲ့ ဓါတုပစ္စည်းစက်ရုံတစ်ခုရဲ့ပိုင်ရှင်ဟာ အဲ့ဒီမြို့က အဆင့်မြင့် ရဲအရာရှိတစ်ဦးနဲ့ ဆက်စပ်နေတယ်လို့လည်း အစိုးရသတင်းတွေမှာ ဖော်ပြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
ပေါက်ကွဲမှုမှာ တာဝန်ရှိသူ ၁၂ ဦးကို ဖမ်းဆီး
Reviewed by THITHTOOLWIN
on
17:53
Rating:
