အမေရိကန်နိုင်ငံ ကိုလာရာဒိုပြည်နယ်က ရုပ်ရှင်ရုံတစ်ခုထဲမှာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က လူ ၁၂ ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို တသက်တကျွန်း ပြစ်ဒဏ် ၁၂ ခု ဆက်တိုက်ကျခံဖို့ တရားသူကြီးက စီရင်ချက်ချလိုက်ပါတယ်။
ဒဲဘယ်လ်မြို့ ဆင်ခြေဖုံးရပ်ကွက်က ရုပ်ရှင်ရုံတစ်ခုမှာ Batman ရုပ်ရှင်ပြနေတုန်း James Holmes ဆိုတဲ့ သေနတ်သမားက သေနတ်နဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တာပါ။
လက်ထိတ် ခြေထိတ် ခတ်ထားတဲ့ မစ္စတာ Holmes ကို စီရင်ချက်ချအပြီး တရားရုံးထဲကနေ ခေါ်ထုတ်သွားစဉ်မှာ သေဆုံးသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေက လက်ခုတ်သြဘာ ပေးခဲ့ကြပါတယ်။
သူ့ကို သေဒဏ်အပြစ်ပေးဖို့ ဂျူရီလူကြီးတွေအကြား သဘောမတူနိုင် ဖြစ်နေခဲ့ရာမှာ တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့ ဂျီရီလူကြီးတစ်ဦးက အခုလအစောပိုင်းတုန်းက အကြံပြုခဲ့တာပါ။
အဲဒီ သေနတ်သမား ဂျိမ်းဟုမ်းစ်ကတော့ သူစိတ်ဖောက်ပြန်ပြီး လုပ်မိတာဆိုပြီး အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
လူ ၁၂ ဦးကို ပစ်ခတ်သူ သေနတ်သမား၊ တသက်တကျွန်းပြစ်ဒဏ်တွေ ချမှတ်ခံရ
Reviewed by THITHTOOLWIN
on
13:02
Rating:
