![]() |
(ဂူဂျာရက်ပြည်နယ်မှာ သြဂုတ်လ၂၆ ရက်နေ့က အကြမ်းဖက်ဆန္ဒပြမှုကို တွေ့ရစဉ်) Photo: AFP |
ဇာတ်မြင့် ပါတဲလ် လူမျိုးတွေက သူတို့တွေဟာ အစိုးရရဲ့ ဇာတ်နိမ့်တွေကို အလေးပေးတဲ့မူကြောင့် အလုပ်အကိုင်တွေမှာ နစ်နာနေတာတွေကို မကျေနပ်တဲ့အတွက် သန်းနဲ့ချီတဲ့ ပါတဲလ်ဇာတ်မြင့်တွေက တောင်းဆိုရာကနေ အကြမ်းဖက်မှုတွေဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ရာမှာ သေဆုံးသူတွေ ရှိလာတာ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ရဲအရာရှိတစ်ဦးဟာလည်း ဒဏ်ရာရပြီး သေဆုံးသွားပါတယ်။
ပါတဲလ် ဇာတ်မြင့်တွေက ဇာတ်နိမ့်တွေနည်းတူ အမျိုးဇာတ်မခွဲခြားပဲ အလုပ်အကိုင်နဲ့ တက္ကသိုလ်ဝင်ခွင့် တန်းတူရရှိရေး တောင်းဆိုနေကြတာဖြစ်သလို သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးတဲ့နောက် အခုလို အကြမ်းဖက်ဆန္ဒပြမှု တွေဖြစ်ပွားခဲ့တာပါ။
ဂူဂျာရက်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ဝဝ၂ ခုနှစ်ကစပြီး တပ်အင်အားချထားတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ်က ဝန်ကြီးချုပ် မိုဒီဟာ ဂူဂျာရက်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့စဉ်က အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပြီး မွတ်စလင် နှစ်ထောင်နီးပါးလောက် သေဆုံးခဲ့ပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese
ဂူဂျာရက်မှာ အကြမ်းဖက်မှုဖြစ် လုံခြုံရေးအင်အား ထောင်ချီချထား
Reviewed by THITHTOOLWIN
on
17:51
Rating:
