အရှိန်မထိန်းနိုင်တဲ့ယာဉ် အမြန်လမ်းပေါ်မှာ တိမ်းမှောက်

 အရှိန်မထိန်းနိုင်သောယာဉ် လမ်းဘေး မြေသား လမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက်
 နေပြည်တော်၊ သြဂုတ် ၁၄

 ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၂၁၈/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက် အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဂွေးချိုကျေးရွာနေ ဖိုးကောင်း (၃၄)နှစ် မောင်းနှင်လာသော 7J/×××× ကန်တာ(၆)ဘီး အပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မိတ္ထီလာမြို့၊ အောင်ဆန်း(၃)ရပ်ကွက်နေ ဦးတင်ထွန်း(၅၃)နှစ်တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ သောကြောင့် နေပြည်တော်ကုတင်(၁၀ဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဖိုးကောင်းအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အရှိန်မထိန်းနိုင်တဲ့ယာဉ် အမြန်လမ်းပေါ်မှာ တိမ်းမှောက်   အရှိန်မထိန်းနိုင်တဲ့ယာဉ် အမြန်လမ်းပေါ်မှာ တိမ်းမှောက် Reviewed by သစ်ထူးလွင် on 22:09 Rating: 5
Powered by Blogger.