အမေရိကန်နိုင်ငံ ကော်လိုရာဒိုမှာ မြစ်ထဲကို စွန့်ပစ် အဆိပ်သင့်ရေဆိုးတွေ စီးဝင်မှုကြောင့် မြစ်ရေဟာ အ၀ါရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အဲဒီစီးဝင်မှုကြောင့် မြစ်ရေဟာ ကနဦး ခန့်မှန်းထားတာထက် ၃ ဆ လောက် ပိုမိုညစ်ညမ်းနေတယ်လို့ အမေရိကန် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီ EPA က ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ရွှေသတ္တုတွင်းဟောင်း တစ်ခုက အဆိပ်သင့်ရေဆိုးတွေကို EPA အလုပ်သမားတွေက ကော်လိုရာဒိုရှိ Animas မြစ်လက်တက်ထဲကို မတော်တဆ မှားယွင်းစွန့်ပစ်ခဲ့တယ်လို့ EPA က ထုတ်ပြန်ပြောဆိုထားပါတယ်။
စွန့်ပစ်ထားတဲ့ ရွှေသတ္တုတွင်းဟောင်းက ကက်ဒမီယံ၊ စိန်အဆိပ်နဲ့ ခဲ ဓာတ်တွေ ပါဝင်တဲ့ အဆိပ်သင့်ရေဆိုး ရေဂါလံ ၃ သန်းကို Animas မြစ်ထဲ စွန့်ပစ်ခဲ့ပြီးတဲ့နောက် ဒေသခံအာဏာပိုင်တွေက မြစ်ရေကို မသုံးဖို့ ပိတ်ပင်ထားပါတယ်။
အိမ်နီးချင်းဖြစ်တဲ့ နယူး မက်စီကိုဘက် မိုင်၁၀၀ အကွာအထိ ရေ၀ါတွေ ပျံနှံ့ပြီး ရေတွင်းပေါင်း ၁၀၀ ကျော်မှာ ရေ၀ါတွေ ၀င်ရောက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
ဒေသခံ အာဏာပိုင်တွေက သောက်သုံးရေ သုံးစွဲမှုနဲ့ စိုက်ပျိုး မွေးမြူရေးခြံတွေကို ကာကွယ်ဖို့ အစီအစဉ်တွေ ပြုလုပ်နေကြပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
ရေညစ်ညမ်းမှုကြောင့် အန်းနီးမတ်စ်မြစ်ရေ အ၀ါရောင်ပြောင်း
Reviewed by သစ်ထူးလွင်
on
18:45
Rating: