၂၀၁၃ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ဂတ်စ် အဆိပ်သင့်မှုကို ခံစားခဲ့ရသော အာဖဂန် ကျောင်းသူတစ်ဦး (ဆင်ဟွာ) |
အာဖဂန် နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်မြို့ရှိ အထက်တန်း ကျောင်းတစ်ကျောင်းတွင် တနင်္လာနေ့ မနက်ပိုင်း၌ ကျောင်းသူ ၁၀၀ ကျော် မူးဝေပြီး အများစုက သတိလစ်နေသဖြင့် ဆေးရုံ တင်လိုက်ရကြောင်း ဒေသဆိုင်ရာ ဆေးရုံက ပြောရေး ဆိုခွင့်ရှိသူ ရက်ဖစ် ရှာဇိုင် က ဆင်ဟွာကို ပြောသည်။
ယင်းမတော်တဆမှုသည် ဂတ်စ် အဆိပ်သင့် မှုဟု ယူဆရပြီး ထိုမြို့၏ Shahrak-e-Jibrahil နယ်မြေတွင် ဖြစ်ပွားခဲ့သည်။ ရဲများကတော့ မတော်တဆမှု၏ နောက်ကွယ်က အကြောင်းအရာကို စုံစမ်း ရှာဖွေနေကြောင်း သိရသည်။
ယခင်ကလည်း မိန်းကလေး ပညာသင်ကြားရေးအား ဆန့်ကျင်သော အဖွဲ့များသည် အလားတူ တိုက်ခိုက်မှုမျိုး အတွက် အပြစ်တင် ခံခဲ့ရဖူးသည်။
(Xinhua)
http://xinhuamyanmar.com
အာဖဂန်နစ္စတန် အနောက်ပိုင်းတွင် အထက်တန်းကျောင်းသူ ၁၀၀ ကျော် အဆိပ်သင့်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:39
Rating: