ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလာဒေ့ရှ်ရဲက ဖမ်းဆီး

( ဘင်္ဂလာသတင်းများတွင် ဖော်ပြထားခြင်းခံရသော Arakan Army တပ်ဖွဲ့ဝင်)
 ရန်ကုန်၊ သြဂုတ် ၂၇

 ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးကို ဘင်္ဂလာရဲတပ်ဖွဲ့မှ ရင်ဂါမာတီခရိုင်၊ ရာဆတိုးလီမြို့နယ် တပ်တောင် ကျေးရွာတွင် ယမန်နေ့ညနေက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာသတင်းများတွင် ရေးသားဖော် ပြချက်အရ သူတို့အခေါ် အာရ်ကန် အာမီး ( Arakan Army) တပ်ဖွဲ့ဝင်ကို သတင်းအရ ဖမ်းဆီးမိခြင်း ဖြစ်သည်ဟု ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ အောင်နိုင်ဝင်းဆိုသူဖြစ်ပြီး သူနှင့် အတူ မော်တာဆိုင်ကယ်တစ်စီး၊ မြင်း ၂ကောင်၊ ရက္ခိုင့်တပ်မတော် ယူနီဖောင်း ၃စုံ၊ ကင်မရာ ၂ လုံး၊ လက်တော့ ကွန်ပျူတာ ၃ လုံး၊ လက်ကိုင်ဖုန်း တစ်လုံးကိုလည်း သိမ်းဆည်းရမိကြောင်း သတင်းများတွင် ဖော်ပြသည်။

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့တို့သြဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဘင်ဒရာဘင်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု သံသယရှိသူများကို ဘင်္ဂလာအာဏာပိုင်များက ရှာဖွေနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

တိုက်ပွဲဖြစ်ပွားရာ မော်တုတ်ကြီးဒေသသို့လည်း ဘင်္ဂလာအစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့နှင့် စစ်တပ်ကို အင်အား ဖြည့်ထားပြီး စစ်ဆင်ရေးတရပ်ပြုလုပ်ရန်နေကြောင်း သိရသည်။

အဆိုပါ ဒေသတွင် ခိုအောင်းနေသည့် လက်နက်ကိုင် တပ်ဖွဲ့များ မြန်မာဘက်သို့ မ၀င်ရောက်နိုင် အောင် မြန်မာအစိုးရအနေဖြင့် နယ်စပ်ကို ပိတ်ဆို့ပေးရန် ဘင်္ဂလာအစိုးရမှ ဒက္ကာမြို့ ရှိ မြန်မာ သံရုံးမှ တဆင့် မြန်မာအစိုးရကို တောင်းဆိုထားကြောင်းလည်း သတင်းများတွင် ဖော်ပြသည်။

Arakan State
https://www.facebook.com/NarinjaraNews

ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလာဒေ့ရှ်ရဲက ဖမ်းဆီး   ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး ဘင်္ဂလာဒေ့ရှ်ရဲက ဖမ်းဆီး Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.