တောင်ဆူဒန်သမ္မတအနေနဲ့ သူလက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူ စာချုပ်ပါ အချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ အမေရိကန်အစိုးရက သတိပေး ပြောကြား လိုက်ပါတယ်။
မနေ့က ငြိမ်းချမ်းရေး သဘောတူ စာချုပ်မှာ သမ္မတ Salva Kiir လက်မှတ် ရေးထိုး ခဲ့တာပါ။
၂ နှစ်နီးပါးကြာ ပြည်တွင်းစစ်ကို အဆုံးသတ်သွားစေဖို့ ရည်ရွယ်ရေးဆွဲထားတဲ့ အဲဒီသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သမ္မတ Kiir ကငြင်းဆိုခဲ့ပြီး စာချုပ်ပါ အဓိကအချက်အလက် အတော်များများနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မိကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။
ကနဦးတုန်းက သမ္မတ Kiir က သူပုန်တွေနဲ့ အာဏာခွဲဝေကျင့်သုံးရမှာကို စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၁ ရက်နေ့မတိုင်မီ ငြိမ်းချမ်းရေးသဘောတူ စာချုပ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ သမ္မတ Kiir ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အချိန်ပေးခဲ့ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
တောင်ဆူဒန်သမ္မတ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုး
Reviewed by THITHTOOLWIN
on
18:08
Rating:
