စက်ပျက်၍ တွန်းနေသည့်ယာဉ်အား ခရီးသည်တင်မှန်လုံယာဉ် ဝင်ရောက်တိုက်မိ

 စက်ပျက်၍ တွန်းနေသည့်ယာဉ်အား ခရီးသည်တင်မှန်လုံယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ
နေပြည်တော်၊ ဩဂုတ် ၁၄

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီ ၅ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၂/၁-၂)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁) ရပ်ကွက်နေ စိုးမင်းထွန်း(၃၉)နှစ် မောင်းနှင်လာသော 9J/×××× JJ ခရီးသည်တင်မှန်လုံယာဉ်မှာ ၎င်းရှေ့ ကွန်ကရစ်လမ်းအစပ်၌ စက်ပျက်၍ တွန်းနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ (၆)ရပ်ကွက်နေ အောင်စိုးမင်း(၃၂)နှစ်မောင်းနှင်သော 9F/×××× ဟိုက်ဂျက်အဖြူရောင် ယာဉ်၏ကိုယ်ထည်ဝဲဘက်ခြမ်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ဟိုက်ဂျက်ယာဉ်အား နောက်မှတွန်းနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်နေ ဖိုးသား(ခ)မျိုးဇော်အောင်(၁၇)နှစ်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး စိုးမင်းထွန်းအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
စက်ပျက်၍ တွန်းနေသည့်ယာဉ်အား ခရီးသည်တင်မှန်လုံယာဉ် ဝင်ရောက်တိုက်မိ    စက်ပျက်၍ တွန်းနေသည့်ယာဉ်အား ခရီးသည်တင်မှန်လုံယာဉ် ဝင်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 22:09 Rating: 5
Powered by Blogger.