အီဂျစ်နိုင်ငံ မြောက်ပိုင်း Sinai ဒေသမှာ ဖြစ်တဲ့ တိုက်ခိုက်မှုကို အဝေးက မြင်ရစဉ် (Credit: Reuters) |
အီဂျစ်နိုင်ငံ ဆီနိုင် ကျွန်းဆွယ်ဒေသမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အကြမ်းဖက်သမားတွေက စစ်ဆေးရေးဂိတ် ၅ ခုနဲ့ ရဲစခန်းတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်မှုအတွင်း အီဂျစ် စစ်သား ၁၇ ယောက် သေဆုံးပြီး IS အဖွဲ့ဝင် အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ အီဂျစ်အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အီဂျစ် စစ်သားတွေရဲ့ ကျဆုံးမှု စာရင်းကို အီဂျစ်အစိုးရက တမင်တကာ လျှော့ချပြောဆိုတာမျိုး ရှိခဲ့ဖူးပါတယ်။
ကျန်းမာရေး အမှုထမ်းတွေကတော့ အီဂျစ် စစ်သား အယောက် ၇၀ လောက် သေဆုံးခဲ့ရတယ်လို့ ပြောဆိုပြီး ပြည်သူနဲ့ IS အဖွဲ့ဝင် ၃၈ ယောက် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး IS အဖွဲ့က ပြုလုပ်ကြောင်း တာဝန်ယူထားပြီး ဆီနိုင်ဒေသက လုံခြုံရေးတပ်တွေရဲ့ နယ်မြေ ၁၅ ခုမှာ တိုက်ခိုက်မှု လုပ်ခဲ့သလို အသေခံ ဗုံးဖောက်ခွဲမှု ၃ ခု ပြုလုပ်ခဲ့တယ်လို့ တုန့်ပြန်ထားပါတယ်။
IS အဖွဲ့ဟာ ရာမာဒန် ဥပုတ်ကာလအတွင်း တိုက်ခိုက်မှုတွေ ပိုလုပ်ဖို့ နောက်လိုက်သူတွေကို တိုက်တွန်းထားပေမယ့် အီဂျစ်ကို ပစ်မှတ်ထားတဲ့အကြောင်း ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ဥပုတ်ကာလက ဇွန်လ လယ်မှာ စတင်ပြီး တစ်လကြာမှာ ဖြစ်ပါတယ်။
By Middle East correspondent Sophie McNeill, wires
ABC Radio Australia
http://www.radioaustralia.net.au/burmese
အီဂျစ်မှာ ISအကြမ်းဖက် လူ ၁၀၀ ကျော်သေဆုံး
Reviewed by သစ်ထူးလွင်
on
17:01
Rating: