ကမ္ဘာကျော် တင်းနစ်သမား ရော်ဂျာ ဖယ်ဒရာကို တွေ့ရစဉ် (Credit: Getty Images) |
ဒီအချိန်ဟာ မွတ်စလင်တွေ ဥပုတ်စောင့်တဲ့ ကာလလည်း ဖြစ်ပြီး အစားအစာအပြင် ရေပါ သောက်ခွင့်မရတဲ့အတွက် ဥပုတ်ဝင်နေသူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။ နေ့တာရှည်ပြီး တချို့နေရာမှာ ညသန်းခေါင် ရောက်ခါနီးမှ နေဝင်တဲ့အတွက် ပိုပြီး အဆာခံနေရတာ ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံ လိုဒါ မြို့မှာလည်း ကက်သလစ် ဘာသာဝင်တွေ ဘုရားဖူးသွားလေ့ရှိကြပေမယ့် ဒီအပူလှိုင်းတွေကြောင့် အခက်အခဲ ဖြစ်နေရပါတယ်။ ခရမ်းလွန်ရောင်ချည်နဲ့ အပူဒဏ်နဲ့ ပတ်သက်ပြီး ပြင်သစ် အစိုးရက သတိပေးထားပါတယ်။
လန်ဒန်မှာလည်း အပူချိန်က ၃၅ ဒီဂရီ စဲလ်ဆီးယပ်စ် ရှိခဲ့တာကြောင့် ကျန်းမာရေး သတိပေးချက် အဆင့် ၂ ကို သတ်မှတ်ထားပါတယ်။
Wimbledon တင်းနစ် ကစားပြိုင်ပွဲရဲ့ အပူဆုံးနှစ် အဖြစ် စံချိန်တင်သွားတယ်လို့လည်း သိရပါတယ်။
နာမည်ကြီး ကစားသမား Roger Federer ကတော့ ကစားပြီးတာနဲ့ ချက်ခြင်း ရေသွားချိုးဦးမယ်ဆိုပြီး ထွက်ခွာ သွားပါတယ်။
အပူချိန်ကြောင့် ရထားသံလမ်းတွေ အပြောင်းအလဲ ဖြစ်နိုင်တာကြောင့် ရထားကို အရှိန်လျှော့မောင်းဖို့လည်း ဗြိတိန်နိုင်ငံ ရထားကွန်ယက်က သတိပေးထားပါတယ်။
အလုပ်လုပ်နေရတဲ့ အမှုထမ်းတွေကိုလည်း ဖြတ်နိုင်ရင် စမတ်ကျကျ အဝတ်အစားတွေအစား သက်တောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားတွေကို ဝတ်ဆင်ခွင့်ပေးဖို့ အလုပ်သမား သမဂ္ဂကလည်း တောင်းဆိုထားပါတယ်။
ဘယ်လ်ဂျီယံမှာလည်း လမ်းမှာ ရုံးဆင်း ကျောင်းဆင်းချိန်အတွင်း ကားတွေ ပိတ်မိမှုတွေ မရှိအောင် အလုပ်ကို စောစီးစွာ ပိတ်ချပေးတာမျိုး လုပ်နေရပါတယ်။
ဒါ့အပြင် အားကစားပွဲ တချို့ကိုလည်း ဖျက်သိမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဥရောပမှာ အပူလွန်ကဲမှုဖြစ်နေ
Reviewed by သစ်ထူးလွင်
on
03:03
Rating: