သက်ဆိုင်ရာက လေယာဉ်ပျက်ကျတဲ့ နေရာတဝိုက်မှာ အလုပ်လုပ်နေစဉ် (Credit: AFP) |
အခုဆိုရင် လူပေါင်း ၁၄၂ ယောက်ရဲ့ အလောင်းကို သယ်ထုတ်နိုင်ပြီလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
မီဒန်းမြို့ လူနေထူထပ်တဲ့ နေရာဟာ လေယာဉ် ပျက်ကျသွားပြီး လေယာဉ်ပေါ် လူပေါင်း ၁၁၃ ယောက် လိုက်ပါခဲ့ပါတယ်။
သေဆုံးသူ တချို့ဟာ အင်ဒိုနီးရှား စစ်သားတွေရဲ့ မိသားစုဝင်တွေ ဖြစ်ကြပါတယ်။
စစ်သားတွေကို စခန်းတစ်ခုကနေ နောက်တစ်ခုကို ပြောင်းရာမှာ လေယာဉ်တွေကို စစ်တပ်က အသုံးပြုလေ့ရှိပါတယ်။
အဲဒီလေယာဉ်ဟာ လူနေအိမ်တွေအပြင် ဟိုတယ်တစ်လုံးကိုပါ ဝင်တိုက်မိပြီးနောက် ပေါက်ကွဲသွားတယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။
အဲဒီ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တဲ့ လမ်းပေါ်မှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ် နီးပါးတုန်းကလည်း လေယာဉ်တစ်စင်း ပျက်ကျရာက လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပါတယ်။
အဲဒီလေယာဉ်ပေါ်မှာ ပျံသန်းမှု မှတ်တမ်းတင်ပေးတဲ့ black box လည်း မရှိတာကြောင့် လေယာဉ်က ဘာကြောင့် ပျက်ကျသလဲ ဆိုတာ သိနိုင်ဖို့ ခက်ခဲသွားပြီ ဖြစ်ပါတယ်။
အင်ဒိုနီးရှား ကာကွယ်ရေးတပ်မှာ ရှိနေသေးတဲ့ လေယာဉ်အဟောင်းတွေ အားလုံးကို ပြန်လည် စစ်ဆေးမှုတွေ လုပ်ဖို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ညွှန်ကြား ခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အင်ဒိုစစ်လေယာဉ် ပျက်ကျ ၁၄၀ ကျော်သေ
Reviewed by သစ်ထူးလွင်
on
20:20
Rating: