အီရတ်နိုင်ငံက လူငယ်တစ်ဦး ဆံပင်ညပ်ခံစဉ် (Credit: Reuters) |
ပြီးခဲ့တဲ့ သတင်းပတ်တွေကစပြီး IS က မှုတ်ဆိတ်မွေးကို အရှည်ထားရမယ့်အကြောင်း၊ ဇွန်လ ၁ ရက်နေ့ကစပြီး မှုတ်ဆိတ် မရိတ်တော့ဖို့ ပြောဆိုထားပြီး ဘာကြောင့် မှုတ်ဆိတ်တွေ အရှည်ထားသင့်သလဲ ဆိုတာတွေကို ရေးသားထားပါတယ်။
ဆံပင်ညပ်ဆိုင်မှာ မှုတ်ဆိတ်ရိတ်နေတာတွေဟာ အပြစ်ဖြစ်တယ်လို့ ရေးသားထားပြီး တမန်တော် မိုဟာမက် ပြောဆိုခဲ့တဲ့ စကားလုံးတွေကို ရေးသားထားပါတယ်။
အစ္စလာမ်မစ် ရဲတွေက လိုက်လံ ကြည့်ရှုမှာ ဖြစ်ပြီး မှုတ်ဆိတ်မွေး အရှည်မထားတဲ့လူတွေကို ဖမ်းဆီး ထိန်းသိမ်းမယ်လို့လည်း ပါရှိပါတယ်။
အသက် ၁၈ အရွယ် Laith Ahmed က သူ့မှာ မှုတ်ဆိတ်မွေး မရှိတာကြောင့် စိုးရိမ်နေပါတယ်။
သူက မှုန့်ဖုတ်တဲ့ ဆိုင်ရာ အလုပ်လုပ်တာကြောင့် IS အဖွဲ့နဲ့ နေ့တိုင်း ကြုံတွေ့နေရတယ်လို့လည်း သူက ပြောပါတယ်။
တချို့ကလည်း မှုတ်ဆိတ် အရှည်ထားရင် ယားယံတဲ့ ဝေဒနာ ခံစားရတဲ့အတွက် စိုးရိမ်ကြပါတယ်။
ကျန်းမာရေးကို အကြောင်းပြပြီး မှုတ်ဆိတ်ရှည်ထားလို့ မရကြောင်း ပြောပေမယ့် လက်မခံဘူးလို့ အမျိုးသား တစ်ဦးက ပြောပြပါတယ်။
မိုဆူးလ် မြို့ကနေ ထွက်ခွာလိုပေမယ့် IS အဖွဲ့ကို အရင် တိုင်ကြားပြီး ထောက်ခံချက် ရယူရမှာ ဖြစ်တဲ့အတွက် အခက်အခဲ ဖြစ်နေပါတယ်။
မိုဆူးလ် မြို့ဟာ အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး လူပေါင်း ၂ သန်း ရှိတဲ့မြို့ ဖြစ်ခဲ့ပေမယ့် တချို့လူတွေ အချိန်မှီ ထွက်ခွာတာမျိုး ရှိခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အမျိုးသားတွေ မှုတ်ဆိတ် မရိတ်ရလို့ IS သတ်မှတ်
Reviewed by သစ်ထူးလွင်
on
19:04
Rating: