လာဒ်စားမှု လုပ်ခဲ့တယ်လို့ ဝန်ခံသူ Chuck Blazer (ယာ) ကို ဖီဖာ ဥက္ကဌဟောင်း Sepp Blatter နဲ့ တွေ့ရစဉ် (Credit: AFP) |
၁၉၉၈ ခုနှစ် ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပတဲ့ တောင်အာဖရိက ကမ္ဘာ့ဖလားအတွင်း လိုက်စားမှုတွေ လုပ်ခဲ့တာလို့ ဝန်ခံလိုက်တာပါ။
သူနဲ့အတူ တခြား ဖီဖာ အရာရှိတွေကလည်း လာဒ်စားမှု လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
တောင်အာဖရိက နိုင်ငံကတော့ လာဒ်ထိုးပြီး ကမ္ဘာ့ဖလားမှာ အိမ်ရှင် ဖြစ်ခွင့်ရအောင် မလုပ်ဆောင်ခဲ့ဘူးလို့ ပြောပါတယ်။
ဖီဖာ အရာရှိတွေကို အမေရိကန် ဒေါ်လာ ၁၀ သန်းလောက် ပေးခဲ့ပေမယ့် အဲဒါကို တောင်အာဖရိကအစိုးရက လာဒ်ထိုးတယ်လို့ မမြင်ခဲ့ပါဘူး။
အင်္ဂါနေ့တုန်းက ထုတ်ပြန်တဲ့ ဖီဖာရဲ့ ထုတ်ပြန်ချက်မှာတော့ တောင်အာဖရိက အစိုးရက ၂၀၁၀ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရဖို့ ဒေါ်လာ ၁၀ သန်း ပေးတာကို ဖီဖာက ၂၀၀၇ ခုနှစ်မှာ လက်ခံခဲ့တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ရုရှားနဲ့ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားနဲ့ ပတ်သက်ပြီး လာဒ်စားမှုတွေ ရှိမရှိ ဆိုတာကိုလည်း ရဲတွေက စုံစမ်းနေပြီ ဖြစ်ပါတယ်။
အင်္ဂလန် ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ဟမ်း ကလည်း ဖီဖာမှာ ဖြစ်ပျက်ခဲ့တဲ့ မသမာ မှုတွေဟာ လက်ခံနိုင်စရာ မရှိသလို ရွံစရာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘောလုံးကို ထိပ်ပိုင်းက လူတချို့ပဲ ပိုင်ဆိုင်တာ မဟုတ်ပဲ ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ လူတွေက ပိုင်ဆိုင်တဲ့အတွက် ဖီဖာမှာ အပြောင်းအလဲတွေ လုပ်ရမယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဖီဖာအရာရှိဟောင်းက အဂတိလိုက်စားကြောင်း ဝန်ခံ
Reviewed by သစ်ထူးလွင်
on
21:46
Rating: