မလှိုင် ဇွန် ၁၉
မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ဇွန် ၁၈ ရက်က မိတ္ထီလာ-မြင်းခြံ သွားကားလမ်း ရုံးပင်စောက်ကျေးရွာ အုပ်စု လိပ်ခွဲကျေးရွာအနီး မိုင်တိုင် အမှတ်(၁၆/၇)အနီးတွင် ယာဉ် နှစ်စီး တိုက်မိရာမှ တစ်စီးမှာ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာ-မလှိုင်သို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နေ ဇော်ထက်(၂၁ နှစ်) မောင်းနှင်သည့် 98/------ FORD RANGER CUB လေးဘီးယာဉ်မှ သန်းနိုင်စိုး (၄၆ နှစ်) မောင်းနှင်လာသော ဆေးလိပ်စပ်ဆေးများ တင်ဆောင် လာသည့် ၃ဂ/-------NISSAN CONDOR ခြောက်ဘီးယာဉ်၏ ဘယ်ဘက်ခြမ်း နောက်ဘီးကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိပြီး NISSAN CONDOR ယာဉ်မှာ တိမ်းမှောက်သွားခဲ့ သည်။
ယာဉ်တိမ်းမှောက်မှုကို မလှိုင် မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
တင်လှိုင်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ယာဉ်နှစ်စီးတိုက်မိရာမှ အရှိန်မထိန်းနိုင်ဘဲ တစ်စီးတိမ်းမှောက်
Reviewed by သစ်ထူးလွင်
on
03:45
Rating:
