ကရာကတ်စ် ဇွန် ၁၉
အကျဉ်းကျနေသော အတိုက်အခံခေါင်းဆောင် တစ်ဦးအားတွေ့ဆုံရန်အတွက် ဗင်နီဇွဲလားနိုင်ငံသို့သွား ရောက်ခဲ့ကြသည့် ရှစ်ဦးပါဝင်သည့် ဘရာဇီးအထက် လွှတ်တော်အမတ်အုပ်စုတစ်စုက ၎င်းတို့စီးလာသော ဘတ်စ်ကား တိုက်ခိုက်ခြင်းခံရသဖြင့် ထွက်ပြေးခဲ့ကြရ ကြောင်း ယနေ့ထုတ်ဖော်ပြောဆိုလိုက်သည်။
ဗင်နီဇွဲလားနိုင်ငံ၌ လူထုအုံကြွမှုဖြစ်ပေါ်နေစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ရန် လှုံ့ဆော်ပေးသည် ဟူသော စွပ်စွဲ ချက်ဖြင့် ထောင်ချခြင်းခံနေရသော လီယိုပိုလ်ဒိုလိုပက်(ဇ်)ကို တွေ့ရန် ဘရာဇီးအတိုက်အခံနိုင်ငံရေးသမားများက ကြိုးစားလျက်ရှိကြသည်။
ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ် လေဆိပ်မှ ထွက်ခွာလာကြစဉ် ¤င်းတို့ ဘတ်စ်ကားကို ခဲဖြင့်ထုခြင်းခံရ သည်ဟု ၎င်းအုပ်စုကပြောသည်။
ဗင်နီဇွဲလားအစိုးရထံမှ ရှင်းလင်းချက်တောင်းခံမည် ဖြစ်ကြောင်း ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
အဆိုပါ အထက်လွှတ်တော်အမတ်အုပ်စုတွင် ပါဝင် သည့် ရိုနဲလ်ဒို ကိုင်ယာဒိုက ¤င်းတို့ဘတ်စ်ကားကို ဝိုင်း၍ ဖျက်ဆီးရန် ကြိုးစားကြကြောင်း၊ ခဲဖြင့်ပေါက်ကြသော သူများကို ဓာတ်ပုံရိုက်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။
ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဗင်နီဇွဲလားသို့ သွားရောက်ခဲ့ကြသော ဘရာဇီးလွှတ်တော်အမတ်များ တိုက်ခိုက်ခံရ
Reviewed by သစ်ထူးလွင်
on
09:28
Rating:
