ပခုက္ကူ ဇွန် ၁၈
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူ-ရေစကြို ကားလမ်းနှင့် မြို့ရှောင်လမ်းဆုံ၌ ဇွန် ၁၆ ရက် နံနက် ပိုင်းက လူတစ်ဦး ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရေစကြိုမှ ပခုက္ကူသို့ ပခုက္ကူမြို့ အမှတ်(၁၃) ရပ်ကွက် မဲအိုးတန်းရပ်နေ သိန်းဝင်း (၃၇)နှစ် မောင်းနှင်ပြီး အောင်ခိုင်(၂၇)နှစ်၊ ကိုကုလား(ခ)မောင်မောင်(၂၉)နှစ် (ယာဉ်နောက်လိုက်)၊ သန့်ဇင်ဦး(၄၃)နှစ်၊ မောင်ဇင်မိုး(၂၃)နှစ်နှင့် ပခုက္ကူမြို့နယ် ဘောလုံးခုံရွာနေ ဦးမြမောင် (၅၅)နှစ်တို့ လိုက်ပါလာသည့် ၉ဌ/------ထော်လာဂျီယာဉ်မောင်းနှင်လာစဉ် မြို့ရှောင်လမ်းဆုံအရောက် ယာဉ်ပေါ်လိုက်ပါလာသူ အောင်ခိုင်မှာပြုတ်ကျကာ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သိန်းဝင်းအား ပခုက္ကူမြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပခုက္ကူ၌ ယာဉ်ပေါ်မှ ပြုတ်ကျ၍ လူတစ်ဦးသေဆုံး
Reviewed by သစ်ထူးလွင်
on
09:04
Rating:
