ညနေ ၂ နာရီ ၁၅ မိနစ်ခန့်က မန္တလေး ချမ်းမြသာစည် မြို့နယ် ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ဘေး မြို့သစ်အကွက် ၁ ၊ အပိုင်း (က ) မှာရှိတဲ့ မင်္ဂလာ မန္တလေး အိမ်ယာ စီမံကိန်း ဧရိယာက ပူးလ်မင်း Pullman ဟော်တယ် ဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းခွင်မှာ ငြမ်းပြိုကျလို့ စုစုပေါင်းလူ ၂၀ ၀န်းကျင်လောက် ဒဏ်ရာရခဲ့ပါတယ်။
အဲဒီထဲက ၁၂ဦးဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာရလို့ ဆေးရုံတင်ထားရသလို ငြမ်းအောက်မှာ သေဆုံးပြီလို့ယူဆရတဲ့ လူငယ် ၂ဦးကို မြင်တွေ့နေရပါတယ်။ ဒီစီမံကိန်းလုပ်ငန်းခွင်ကို ဥာဏ်မိသားစု ဆောက်လုပ်ရေးက တာဝန်ယူဆောက်လုပ်နေတုန်း အမိုးပြင် ကွန်ကရစ်လောင်းနေစဉ် ငြမ်းပြိုကျလို့ ငြမ်းအောက်မှာ စစ်ဆေးရေးလုပ်နေတဲ့ လက်သမားထဲက လူ ၂၀ ၀န်းကျင်လောက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။
ငြမ်းအောက်မှာ ကျန်နိုင်သေးတဲ့ အလုပ်သမားတွေကို မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့တွေအပါအ၀င် မန္တလေးအခြေစိုက် လူမူရေးအသင်းတွေက အရေးပေါ်ကယ်ဆယ်မှုတွေလုပ်ပြီး နယ်မြေခံရဲတပ်ဖွဲ့က လုံခြုံရေးယူပေးနေတာကိုတွေ့ခဲ့ရပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese
မန္တလေးမှာ ငြမ်းပြိုလို့ လူ ၂၀ ၀န်းကျင်ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
18:14
Rating:
