လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်းမဲပေးကြဖို့ အရေးကြီးကြောင်းနဲ့ အဲဒီနေ့မှာ မဲပေးခွင့် ရှိသူတိုင်းဟာ နိုင်ငံတော်သမ္မတနဲ့ တန်းတူအခွင့်အရေးရတဲ့ နေ့လည်းဖြစ်တယ်လို့ အသက် ၇ဝ ပြည့်မွေးနေ့ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇ဝ ပြည့်မွေးနေ့အခမ်းအနားကို နေပြည်တော်လွှတ်တော် မှာ ကျင်းပခဲ့ရာမှာ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးကြဖို့ တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
"ကိုယ့်နိုင်ငံရဲ့ အနာဂတ် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ဆုံးဖြတ်ချက်ပေးတဲ့ မဲတစ်ပြားပဲ၊ ကိုယ့်မဲတိုင်း မဲတိုင်းဟာ အရေးကြီးတယ်ဆိုတာကို သဘောပေါက်ရမယ်၊ ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့အခါ လူတိုင်း လူတိုင်းဟာတန်းတူပဲ၊ လူတိုင်းလူတိုင်းဟာ သမ္မတနဲ့တန်းတူပဲ၊ သမ္မတကြီးကိုယ်တိုင် မဲတစ်ပြား ပဲပေးလို့ရတယ်၊ အဲတော့ လမ်းဘေးမှာ အိမ်ယာအတည်မရှိတဲ့သူတောင်မှ နိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ ၁၈ နှစ်ကျော်တယ်၊ သူ့မှာမဲပေးပိုင်ခွင့်ရှိလို့ မဲပေးတယ်ဆိုရင် သမ္မတကြီးနဲ့တန်းတူ အခွင့်အရေးရတယ်၊ ဒီလိုအခွင့်အရေးမျိုးဆိုတာ ရွေးကောက်ပွဲကျင်းပတဲ့အခါမှရတယ်"
ဒါ့အပြင် သူ့မွေးနေ့မှာ လက်ဆောင်ပေးချင်သူတွေအနေနဲ့ အန်အယ်လ်ဒီကို မဲပေးကြဖို့ကိုလည်း ပြောခဲ့ပါတယ်။
မဲပေးခွင့်ရှိသူစာရင်း မှားယွင်းနေတာတွေကို ပြင်ဆင်နိုင်ဖို့အတွက် အန်အယ်လ်ဒီပါတီက ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို မဲပေးခွင့်ရှိသူတွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါ သွားကြည့်ကြ ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
မဲပေးခွင့်ရှိသူစာရင်း မှားယွင်းနေတာတွေကို ပြင်ဆင်နိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေသလို မဲပေးခွင့်ရှိသူတွေအနေနဲ့ မဲစာရင်းမှာ ကိုယ့်နာမည်ပါ၊ မပါသွားကြည့်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မဲပေးကြဖို့ အသက် ၇ဝ ပြည့်မွေးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Reviewed by သစ်ထူးလွင်
on
03:44
Rating:
