ရန်ဇီမြစ်အောက်ပိုင်း ကီလိုမီတာ ၁၅၀ မှာ ရှာဖွေမှုတွေ လုပ်နေဆဲ (Credit: Reuters) |
လူပေါင်း ၄၅၈ ယောက် တင်ဆောင်လာတဲ့ သင်္ဘောပေါ်က လူ ၁၄ ယောက်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီး ၁၈ ယောက် သေဆုံးကြောင်း အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အယောက် ၄၀၀ ကျော် ပျောက်ဆုံးနေသေးတဲ့အတွက် မနေ့ညတုန်းက ကူညီကယ်ဆယ်ရေးသမား ထောင်နဲ့ချီ ညလုံးပေါက် ရှာဖွေမှုတွေ လုပ်ခဲ့ကြပါတယ်။
အခုဆိုရင် မြစ်အောက်ပိုင်းက ကီလိုမီတာ ၁၅၀ အကွာအဝေးအထိ ရှာဖွေရေးတွေ လုပ်နေပြီလို့ တရုတ် အစိုးရက ပြောပါတယ်။
အသက်ရှင် ကျန်ရစ်တဲ့ သင်္ဘောကပ္ပတိန်နဲ့ အင်ဂျင်နီယာကို ရဲတွေက ထိန်းသိမ်းထားပါတယ်။
အဲဒီလှေပေါ်မှာ သက်ကြီးရွယ်အိုတွေ အများဆုံး ပါဝင်ပြီး ခရီးသွား အေဂျင်စီတွေရဲ့ အစီအစဉ်နဲ့ အလည်အပတ် သွားလာကြတုန်း အခုလို အဖြစ်ဆိုးတွေနဲ့ ကြုံရတာ ဖြစ်ပါတယ်။ သင်္ဘောဘာကြောင့် နစ်မြုပ်သွားသလဲ ဆိုတာ မသိရသေးပေမယ့် သင်္ဘောနစ်မြုပ်တဲ့အချိန်ဟာ လေပြင်းမုန်တိုင်း ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ရန်ဇီမြစ်မှာ ၁၄ ဦးကယ်နိုင် ၄၀၀ ကျော်ပျောက်နေဆဲ
Reviewed by သစ်ထူးလွင်
on
16:56
Rating: