![]() |
စောင့်ကြည့် ကင်မရာတွေက ရထားတဲ့ ပုံတွေကို ဖြန့်ဝေထား။ |
လူမည်းတွေရဲ့ အဲဒီ ဧမာနွေလ ဘုရားကျောင်းမှာ ပစ်ခတ်ခဲ့မှုဟာ လူမျိုးရေး မုန်းတီးမှုကြောင့် တိုက်ခိုက်တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လွတ်မြောက်နေဆဲ ဖြစ်တဲ့ အသက် ၂ဝ ကျော် အရွယ် လူဖြူ သေနတ်သမားရဲ့ ပုံနဲ့ သူသုံးခဲ့တယ်လို့ ထင်ရတဲ့ ကားရဲ့ ပုံတွေကို စောင့်ကြည့် ကင်မရာတွေ ကနေ ရယူပြီး ရဲက ထုတ်ပြန်ခဲ့ ပါတယ်။ သူဟာ ဘုရားကျောင်းထဲမှာ တစ်နာရီလောက် ထိုင်နေခဲ့ပြီးမှ စတင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေ ထဲမှာ သင်းအုပ်ဆရာလည်း ဖြစ်၊ ပြည်နယ် အမတ်လည်း ဖြစ်တဲ့ Clementa Pinckney လည်း ပါဝင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီ သေနတ်သမားကို ရှာဖွေရေးမှာ ပြည်သူတွေလည်း ပါဝင် ကူညီကြဖို့ ချားလ်စတန် ရဲတပ်ဖွဲ့ အကြီးအကဲက ပန်ကြားထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
ချားလ်စ်တန် ဘုရားကျောင်းထဲ ပစ်ခတ်ခဲ့သူကို ရှာဖွေဆဲ
Reviewed by သစ်ထူးလွင်
on
22:09
Rating:
