ပခုက္ကူ ဇွန် ၁၉
ပခုက္ကူခရိုင် ဂန့်ဂေါမြို့နယ် မြစ်သာဆည်အနီးတွင် ဇွန် ၁၇ ရက်က ရေသယ်ယာဉ်တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် ညနေပိုင်းက ယာဉ်မောင်း ကျော်ဌေးအောင် (၂၁)နှစ် ချောင်းတက်ရွာ ချောက်မြို့နယ်နေသူမောင်းနှင်သည့် ဟီးနိုးခြောက်ဘီးယာဉ်သည် မြစ်သာမြစ်မှ သောက်သုံးရေသယ်ယူပြီး မြစ်သာဆည်အနီး ကုန်းအတက်တွင် ဘရိတ်ပေါက်ပြီး လမ်းချော်၍ နောက်ပြန်လျှောကာ လမ်း၏ဝဲဘက်ခြမ်းသို့တိမ်းမှောက်ခဲ့သည်။
ယာဉ် တိမ်းမှောက်မှုကြောင့် မောလယ်ရွာ ဂန့်ဂေါမြို့နယ်နေသူများဖြစ်ကြသော မညိုညိုဌေး(၃၅)နှစ်နှင့် မသူဇာခင်(၂ဝ)နှစ်တို့နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်အမျိုးသားနှစ်ဦးမှာဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဌေးအောင်အား ဂန့်ဂေါ မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
(ကျော်ဇေယျ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
မြစ်သာဆည်အနီး ရေသယ်ယာဉ်တိမ်းမှောက် အမျိုးသမီးနှစ်ဦး သေဆုံး
Reviewed by သစ်ထူးလွင်
on
09:28
Rating:
