KNPP တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Nay Thwae/RFA |
KNPP ကိုယ်စားလှယ်တွေနဲ့ ကယားပြည်နယ် အစိုးရအဖွဲ့တို့ လွိုင်ကော်မြို့က အထွေထွေအုပ်ချုပ်ရေးမှူး ရုံးခန်းမမှာ ဒီနေ့ ဆွေးနွေးရာမှာ သဘောတူညီမှု မရသေး တာဖြစ်ကြောင်း လွိုင်ကော်မြို့ အခြေစိုက် KNPP ဆက်ဆံရေးရုံးတာဝန်ခံ ဦးခူးညေးရယ်က ပြောပါတယ်။
"အခုက ၂ဝဝ ဆိုလို့ရှိရင် သူတို့ကအရေအတွက် တအားများလွန်းတယ် လျော့ပေးပါဆိုတော့လေ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေက ရှေ့ရောက်လာပြီးမှတော့ ဒီလိုဆုတ်ပြန်ခိုင်းဘူးဆိုရင် မကောင်းဘူးလေ၊ အဲ့ဒါ ကျနော်တို့က အဖွဲ့ ၃ ဖွဲ့ခွဲပြီးတော့မှ လှုပ်ရှားခွင့်ပြုဖို့တင်ပြထားတယ်"
KNPP တပ်ဖွဲ့ဝင်အင်အား၂ဝဝ လောက်ဟာ လက်နက်အပြည့်အစုံနဲ့ ရှားတောမြို့နယ်အတွင်း လှည့်စည်းရုံးခွင့် တောင်းခဲ့ တာဖြစ်ပါတယ်။ ကယားပြည်နယ် အစိုးရအနေနဲ့ကတော့ လက်နက်ကိုင်တပ်ဖွဲ့ အရေအတွက်နဲ့ လက်နက်အပြည့်အစုံ ပါနေတာကြောင့် စည်ရုံရေးလုပ်ခွင့်ပေးဖို့ နှောင့်နှေးနေတာလို့ ဆိုပါတယ်။
RFA Burmese
http://www.rfa.org/burmese
KNPP တပ်ဖွဲ့ဝင်တွေ နယ်လှည့် စည်းရုံးခွင့်ရရှိရေး ဆွေးနွေး
Reviewed by သစ်ထူးလွင်
on
08:03
Rating: