ဂန့်ဂေါ မေ ၂၉
မကွေးတိုင်းဒေသကြီး ဂန့်ဂေါ ခရိုင် ဂန့်ဂေါမြို့နယ် မဲကျေးရွာအနီး ပုလဲ-ဂန့်ဂေါ မော်တော်ကားလမ်း ပေါ်တွင် မေ ၂၈ ရက်မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ကားအင်ဂျင် စက်ခန်းမှ ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။ (အပေါ်ပုံ)
ဖြစ်စဉ်မှာ ဂန့်ဂေါမြို့ မြောက် ကုန်းရပ်ကွက်နေ ဦးအောင်ဇော်ထွဋ် (၂၅ နှစ်) မောင်းနှင်သော မန္တလေး-ဂန့်ဂေါပြေးဆွဲနေသည့် ခရီးသည်တင် မှန်လုံယာဉ်သည် ခရီးသည် ၁၄ ဦး တင်ဆောင်လျက် မန္တလေးမှ ဂန့်ဂေါသို့မောင်းနှင်လာစဉ် ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင်အမှတ် ၉၈/၅ နှင့် ၉၈/၆ ကြား၊ ဂန့်ဂေါမြို့နယ် မဲကျေးရွာအနီးအရောက်တွင် ကား အင်ဂျင်စက်ခန်းမှ ဝိုင်ယာရှော့ခ် ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ရာသို့ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် တစ်စီးနှင့် အထောက်အကူပြု ယာဉ်တစ်စီး ရောက်ရှိလာပြီး မီးငြှိမ်းသတ်ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ တွင် မီးငြိမ်းခဲ့သည်။ မီးလောင် မှုကြောင့် ယာဉ်ပေါ်ပါကုန်ပစ္စည်း အချို့မီးလောင်ကျွမ်းပြီး ခရီးသည် များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ ကြောင်း သိရသည်။
ကြီးမြင့်နိုင်(လွိုင်ကော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ၀ိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်
Reviewed by သစ်ထူးလွင်
on
19:45
Rating: