ဆော်ဒီအာရေဗျ ဦးဆောင်သော လေတပ်ဖွဲ့က ယီမင်တွင် ဗုံးပဒေသာများ ကြဲချခဲ့ဟုဆို


ဝါရှင်တန် မေ ၃

ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင် သော ညွန့်ပေါင်းလေတပ်ဖွဲ့များက ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက် ခိုက်မှုများပြုလုပ်ခဲ့ရာ အမေရိကန် ပြည်ထောင်စုမှ ထောက်ပံ့ထားသော ကလက်စ်တာဗုံး(ဗုံးပဒေသာ)များကို အသုံးပြုခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြော ကြားသည်။

အဆိုပါ ဗုံးပဒေသာများ ကို စစ်ပွဲများ၌ အသုံးမပြုရန် ကမ္ဘာ့ နိုင်ငံအများအပြားတွင် တားမြစ်ထား သည်။
ယီမင်နိုင်ငံအတွင်း၌ ညွန့်ပေါင်း လေတပ်ဖွဲ့က ဟူသီသူပုန်များအား တိုက်ခိုက်ရာတွင် အဆိုပါဗုံးပဒေသာ များ နှစ်ကြိမ်ထက်မနည်း အသုံးပြုခဲ့ ကြောင်း အထောက်အထားများရှိ သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (အိတ်ခ်ျအာရ်ဒဗလျူ)က ပြော ကြားသည်။ ယင်းဗုံးများကြဲချမှုကြောင့် ထိခိုက်သေကျေမှုသတင်းများမရှိပေ။

အဆိုပါဗုံးပဒေသာ ကြဲချလိုက် ပါက သေးငယ်သောဗုံးငယ် ကလေး များစွာသည် ကျယ်ပြန့်သောနေရာ ဒေသသို့ ပျံ့နှံ့ကျရောက်သွားပြီး မပေါက်ကွဲသေးသည့် စစ်လက်နက် ပစ္စည်းများအဖြစ်နှင့် မြေအောက် တွင် အမြဲတမ်းနစ်မြုပ်သွားနိုင်သည်။
ယင်းဗုံးပဒေသာ များအားလုံး အသုံးပြုတိုက်ခိုက်ခြင်းမပြုရန် တားမြစ်သည့်စာချုပ်တွင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံက လက်မှတ်ရေးထိုးထား သော်လည်း ဆော်ဒီအာရေဗျနိုင်ငံက လက်မှတ်ရေးထိုးခြင်းမရှိကြောင်း သတင်းတွင်ဖော်ပြသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆော်ဒီအာရေဗျ ဦးဆောင်သော လေတပ်ဖွဲ့က ယီမင်တွင် ဗုံးပဒေသာများ ကြဲချခဲ့ဟုဆို ဆော်ဒီအာရေဗျ ဦးဆောင်သော လေတပ်ဖွဲ့က ယီမင်တွင် ဗုံးပဒေသာများ ကြဲချခဲ့ဟုဆို Reviewed by သစ်ထူးလွင် on 11:06 Rating: 5
Powered by Blogger.