ယီမန်လူဦးရေ တဝက်ကျော် ရိက္ခာအခက်အခဲကြုံ


 ယီမန်နိုင်ငံ မှာ သန်းချီတဲ့ ဒုက္ခသည်တွေဆီ လူသားချင်း စာနာတဲ့ အကူအညီတွေ ပို့နိုင်အောင် စစ်တိုက် နေကြတဲ့ အဖွဲ့တွေအားလုံး က ခွင့်ပြုကြဖို့ ကုလသဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆို လိုက်ပါတယ်။

လောင်စာပြတ် လပ်တဲ့အတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ကလည်း အရေးပေါ် အစားအသောက် ဖြန့်ဖြူးမှု ရပ်ပစ်ရမယ့် အခြေအနေ ရောက်နေပြီ လို့ ပြောပါတယ်။

ယီမန်နိုင်ငံ အနောက်ပိုင်း ကို စားနပ် ရိက္ခာပို့ဖို့ ရပ်ထားရာကနေ အခုအခါ ဓါတ်ဆီမရှိလို့ ဂိုဒေါင်တွေ ကနေ အစားအသောက် တွေ မထုတ်နိုင်တဲ့အ တွက် တနိုင်လုံး အတိုင်းအတာနဲ့ ရပ်ဆိုင်းရမယ့် အခြေအနေ ဖြစ်နေပါတယ်။
ဒါကြောင့် ယီမန် ဆိပ်ကမ်းတွေကို လောင်စာဆီ ပို့ရေး ပြန်ခွင့်ပြုဖို့ ကုလသမဂ္ဂ ဘက်က တောင်းဆို နေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ ထုတ်ပြန်ချက်ထဲမှာ မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လေကြောင်း က ဗုံးကြဲ တိုက်ခိုက် မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဒုက္ခ ရောက်တာကို အလွန် စိုးရိမ်မိတယ် လို့ ထုတ်ပြန် ခဲ့ပါတယ်။

တလခွဲလောက်အတွင်း လူပေါင်း၁၂၀၀ကျော်သေပြီး လူ၃သိန်းလောက် နေအိမ်တွေကနေ ထွက်ပြေးခဲ့ရပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ အေဒင်ဆိပ်ကမ်းမြို့မှာဆို အိုင်စီအာစီ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ခွဲစိတ်ကုသတဲ့ ဆရာဝန်တွေ ဒေသခံ ဝန်ထမ်းတွေနဲ့ လူနာတွေဟာ တိုက်ပွဲတွေ ကြားပိတ်မိနေလို့ ဆေးရုံကနေ စွန့်ခွာထွက်ပြေး ရပါတယ်။

ဒါ့အပြင် ဆာနားမြို့က ဆေးရုံမှာလည်း လောင်စာဆီ ပြတ်နေတဲ့အတွက် လူနာတင် ကားတွေ မထွက်နိုင်သလို ဂျင်နရေတာ တွေလည်း မမောင်းနိုင်လို့ မီးမရပဲ ဖြစ်နေပါတယ်။

ဒါကြောင့် ဆေးရုံ ဆေးခန်းတွေကို အတိုက်ရပ်ကြဖို့ အလွန်ဆိုးနေတဲ့ ယီမန်က ဒုက္ခရောက်နေသူတွေ ဒိထက် အခြေအနေ ပိုမဆိုးရအောင် လောင်စာတင်သွင်းတာကို လည်းချက်ခြင်းခွင့်ပြုကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က ယီမန် လူမှုဒုက္ခ အကြပ်အတည်း နဲ့ ပတ်သက်လို့ တောင်းဆို လိုက်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ယီမန်လူဦးရေ တဝက်ကျော် ရိက္ခာအခက်အခဲကြုံ  ယီမန်လူဦးရေ တဝက်ကျော် ရိက္ခာအခက်အခဲကြုံ Reviewed by သစ်ထူးလွင် on 08:45 Rating: 5
Powered by Blogger.