၂၀၁၅ မေ ၃ ရက်
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ လေယာဉ်ကွင်း ကြောဘက်တွင်ရှိသော ရာဘာခြံသူဌေး (ဘာကု) ဆိုသူက လုပ်အားခတောင်းခံသည့် အလုပ်သမား ၄ ဦးအား သေနတ် ဖြင့်ပစ်ခတ်သဖြင့် အလုပ်သမားတစ်ဦး ဒဏ်ရာရရှိ သွားခဲ့သည်။
အလုပ်သမား ၄ ဦးတို့သည် အဆိုပါ သူဌေးထံတွင် ၇ လခန့်ကြာ အလုပ်လုပ် နေကြသူများ ဖြစ်ကြသည်။
ဦးအေးမင်း က“ အလုပ်လုပ်တာ ၆လကျော် ၇လရှိပြီ။ အယင်တုန်းက ရာဘာပင်တွေကို တုံးအဖြစ် ဖြတ်ပြီး သစ်စက် ကိုပို့တယ်။ လုပ်အားခ တစ်ခြံပြီး တစ်ခြံရှင်းတယ်။ ခု ၂ ခြံပြီးပြီး လုပ်ခ မရှင်းသေး။ နောက်တစ်ခြံ ထပ်လုပ်ရတော့မယ်။ လုပ်အား ခမရတော့ ကျနော်တို့လည်း မသွားပဲနေကြတယ်။ သူဌေးရောက် လာပြီး အလုပ်လာမဆင်းလို့ဆိုပြီး သေနတ်နဲ့ လာပစ်တာ။ ကံကောင်းလို့ အသက်မသေးခဲ့ကြတာပါ။ ကျနော်တို့ တရားဝင် အလုပ်သမားတွေဖြစ်ပါတယ်။ ကျနော်တို့ ဥပဒေအရ အကာ အကွယ်ရချင်ပါတယ်။ ကူညီပေးကြ ပါ” ဟုပြောသည်။
ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးဆို သည့် မြန်မာ အလုပ်သမား ၄ဦးတို့၏ လုပ်အားခ ဘတ်ငွေ သုံးသောင်းကျော်အား တောင်းခံခဲ့ရာ ယမန်နေ့ နံနက်က သေနတ်ဖြင့် ၈ ကြိမ်ပစ် ခတ်ခံခဲ့ရသည်။ အလုပ်သမားများမှာ ထိပ်လန့်တကြား ထွက်ပြေး ကြရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်ရွာမှ အဖ ဦးတင်မြင့်+ဒေါ်စန်းဌေး တို၏သား အသက် ၂၀ အရွယ် ဖြိုး ဆိုသူမှာ ဘယ်ပခုံး အသားစိုင်အား ထုတ် ချင်းပေါက်ထွက်သွားခဲ့ သည်။
ယခုအခါ ၎င်းတို့ ၄ ဦးသည် အန္တရာယ်ကင်းနိုင်သည့် နေရာတစ်ခုသို့ ရောက်ရှိ နေကြကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ်ကုန်ခါနီးကလည်း စူရတ်ဌာနီ ရော်ဘာခြံတစ်ခုတွင် မြန်မာအလုပ်သမား ၃ဦး သတ်ဖြတ်ခံခဲ့ ရသော်လည်း နယ်မြေခံ အာဏာပိုင်များသည် တရားခံအား ယနေ့တိုင် ဖေါ်ထုတ်နိုင်ခြင်း မရှိသေးချေ။
ယခင်ကများစွာကလည်း ထိုင်းနိုင်ငံအနှံ့အပြားတို့ တွင် မြန်မာ အလုပ်သမားများအား ထိုင်းလုပ်ငန်း ရှင်ကဖြစ်စေ၊ ထိုင်းလူမျိုးများကဖြ စ်ေ စ၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စေ ပစ်သတ်ခဲ့မှုများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုင်းနိုင်ငံအတွင်းတွင် တကမ္ဘာလုံးမှ လူမျိုးပေါင်းစုံတို့လာရောက်နေထိုင် လုပ်ကိုင်နေကြသော်လည်းမြန်မာ အလုပ်သမားများ၏ဘ၀မှာ အကာ အကွယ်အမဲ့ဆုံးဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများအပေါ်တွင် ကာကွယ်စောင့်ရှောက်ရန်နှင့် တာဝန်ယူရကောင်းမှန်းသိသည့် အစိုးတစ်ရပ်မပေါ်ပေါက်မခြင်း မြန်မာလူမျိုးတို့၏ အသက်တစ်ချောင်း သည် ထိုင်းနိုင်ငံတွင် တိရစ္ဆာန် တစ်ကောင်လောက်မှ အလေးနက်ထားခြင်းကို မခံရနိုင်ကြောင်းMAT အဖွဲ့ကပြောသည်။
မြတ်ညို (အလွတ်သတင်းထောက်)
Golden Worker
http://www.goldenworkers.asia
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ လေယာဉ်ကွင်း ကြောဘက်တွင်ရှိသော ရာဘာခြံသူဌေး (ဘာကု) ဆိုသူက လုပ်အားခတောင်းခံသည့် အလုပ်သမား ၄ ဦးအား သေနတ် ဖြင့်ပစ်ခတ်သဖြင့် အလုပ်သမားတစ်ဦး ဒဏ်ရာရရှိ သွားခဲ့သည်။
အလုပ်သမား ၄ ဦးတို့သည် အဆိုပါ သူဌေးထံတွင် ၇ လခန့်ကြာ အလုပ်လုပ် နေကြသူများ ဖြစ်ကြသည်။

ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးဆို သည့် မြန်မာ အလုပ်သမား ၄ဦးတို့၏ လုပ်အားခ ဘတ်ငွေ သုံးသောင်းကျော်အား တောင်းခံခဲ့ရာ ယမန်နေ့ နံနက်က သေနတ်ဖြင့် ၈ ကြိမ်ပစ် ခတ်ခံခဲ့ရသည်။ အလုပ်သမားများမှာ ထိပ်လန့်တကြား ထွက်ပြေး ကြရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်ရွာမှ အဖ ဦးတင်မြင့်+ဒေါ်စန်းဌေး တို၏သား အသက် ၂၀ အရွယ် ဖြိုး ဆိုသူမှာ ဘယ်ပခုံး အသားစိုင်အား ထုတ် ချင်းပေါက်ထွက်သွားခဲ့ သည်။
ယခုအခါ ၎င်းတို့ ၄ ဦးသည် အန္တရာယ်ကင်းနိုင်သည့် နေရာတစ်ခုသို့ ရောက်ရှိ နေကြကြောင်း သိရှိရသည်။
၂၀၁၄ ခုနှစ်ကုန်ခါနီးကလည်း စူရတ်ဌာနီ ရော်ဘာခြံတစ်ခုတွင် မြန်မာအလုပ်သမား ၃ဦး သတ်ဖြတ်ခံခဲ့ ရသော်လည်း နယ်မြေခံ အာဏာပိုင်များသည် တရားခံအား ယနေ့တိုင် ဖေါ်ထုတ်နိုင်ခြင်း မရှိသေးချေ။
ယခင်ကများစွာကလည်း ထိုင်းနိုင်ငံအနှံ့အပြားတို့ တွင် မြန်မာ အလုပ်သမားများအား ထိုင်းလုပ်ငန်း ရှင်ကဖြစ်စေ၊ ထိုင်းလူမျိုးများကဖြ စ်ေ စ၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စေ ပစ်သတ်ခဲ့မှုများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုင်းနိုင်ငံအတွင်းတွင် တကမ္ဘာလုံးမှ လူမျိုးပေါင်းစုံတို့လာရောက်နေထိုင် လုပ်ကိုင်နေကြသော်လည်းမြန်မာ အလုပ်သမားများ၏ဘ၀မှာ အကာ အကွယ်အမဲ့ဆုံးဟု ဆိုနိုင်သည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများအပေါ်တွင် ကာကွယ်စောင့်ရှောက်ရန်နှင့် တာဝန်ယူရကောင်းမှန်းသိသည့် အစိုးတစ်ရပ်မပေါ်ပေါက်မခြင်း မြန်မာလူမျိုးတို့၏ အသက်တစ်ချောင်း သည် ထိုင်းနိုင်ငံတွင် တိရစ္ဆာန် တစ်ကောင်လောက်မှ အလေးနက်ထားခြင်းကို မခံရနိုင်ကြောင်းMAT အဖွဲ့ကပြောသည်။
မြတ်ညို (အလွတ်သတင်းထောက်)
Golden Worker
http://www.goldenworkers.asia
“လုပ်အားခတောင်းသဖြင့် လုပ်ငန်းရှင်က သေနတ်ဖြင့် ပစ်ခတ်”
Reviewed by သစ်ထူးလွင်
on
04:19
Rating:
