မြေထဲပင်လယ်ဖြတ်သူ ၅၈၀၀ ကို ကမ်းခြေတပ် ကယ်တင်

အီတလီနိုင်ငံထဲ ဝင်ရောက်လာသူတွေကို ကယ်ဆယ်ရေး လှေတွေက ကယ်ဆယ်စဉ် (Credit: AFP) 
 အရှေ့အလယ်ပိုင်းနဲ့ ​အာဖရိက ​ဒေသကနေ ​ဥရောပ ​တိုက်ထဲကို ​ဝင်ရောက်နိုင်ဖို့ အတွက် ​မြေထဲ ပင်လယ်ကို ​ဖြတ်ကျော်မယ့် ​လူပေါင်း ​၅၈၀၀ ​ကို ကမ်းခြေ ​စောင့်တပ်တွေက ​ကယ်ဆယ် နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​​စနေနဲ့ ​​တနင်္ဂနွေ ​နေ့တုန်းက ​​ဟောင်းနွမ်းနေတဲ့ ​လှေတွေနဲ့ ​​မြေထဲ ​​ပင်လယ် ​​ဖြတ်ကျော်ဖို့ ​​ကြိုးစားတဲ့ ​​လူပေါင်း ​​၆၀၀၀ ​​နီးပါးကို ​​အချိန်မှီ ​​ကယ်ဆယ် ​နိုင်ခဲ့တာ ​​ဖြစ်ပါတယ်။

အီတလီနဲ့ ​ပြင်သစ် ​ကမ်းခြေ ​စောင့်တပ်တွေက ​လှေ ​၁၇ ​စီးပေါ်က ​လူတွေကို ​ကယ်ဆယ်နိုင်ခဲ့တာပါ။

ဧပြီလ ​​၁၂ ​​ရက်နဲ့ ​​၁၃ ​​ရက်နေ့တုန်းကလည်း ​​လူပေါင်း ​​၆၀၀၀ ​​ကျော်ကို ​​ပင်လယ်ပြင် ​​မဖြတ်အောင် ​​တားဆီးနိုင်ခဲ့ပါတယ်။ ​ဥရောပတိုက်ထဲကို ​​ဝင်နိုင်ဖို့ ​​လူပေါင်း ​​သောင်းနဲ့ချီဟာ ​​နှစ်စဉ် ​​မြေထဲပင်လယ်ကို ​​လှေတွေနဲ့ ​​ဖြတ်ကျော် ​​လာကြပြီး ​​နှစ်စဉ် ​​ထောင်နဲ့ချီလောက် ​​ပင်လယ်ပြင်မှာပဲ ​​သေဆုံးခဲ့ရပါတယ်။

တနင်္ဂနွေနေ့တုန်းကပဲ ​​ဥရောပတိုက်ထဲ ​​ဝင်နိုင်ဖို့ ​​ကြိုးစားသူ  ​​လူ ​​၈ ​​ယောက်ရဲ့ ​​အလောင်းကို ​​တွေ့ခဲ့ရပေမယ့် ​​ဘယ်လို ​​လုပ်ပြီး ​​သေဆုံးသွားကြတယ် ​​ဆိုတာကိုတော့ ​​မသိရပါဘူး။

လူကုန်ကူးသူတွေက ​​လူတွေကို ​​အဆမတန် ​​တင်ဆောင်လာပြီး ​​ခက်ခဲ ​​ကြမ်းတမ်းတဲ့ ​​ခရီးစဉ်အတွင်း ​​ခိုက်ရန် ​​ဖြစ်ပွားမှုတွေ၊ ​​အနိုင်ကျင့်မှုတွေ၊ ​​နာမကျန်း ​​ဖြစ်မှုတွေ ​​ဖြစ်ပွားလေ့ရှိပါတယ်။

အရင်တလောတုန်းကလည်း ​​လှေပေါ် ​​လိုက်ပါလာတဲ့ ​​ခရစ်ယာန်တွေနဲ့ ​​မွတ်စလင်တွေအကြား ​​ဘာသာရေးဆိုင်ရာ ​​အငြင်းပွားမှု ​​ဖြစ်ရာက ​​ခရစ်ယာန်တချို့ ​​လှေပေါ်ကနေ ​​ပစ်ချခံခဲ့ရတာတွေ ​​ရှိခဲ့ပါတယ်။

အဲဒီအတွက် ​​လူ ​​၁၅ ​​ယောက်ကို ​​ဖမ်းဆီးထားပါတယ်။

တနင်္ဂနွေနေ့တုန်း ​ကလည်း ​​အီတလီကမ်းခြေ ​​စောင့်တပ်ရဲ့ ​​လှေကို ​​တွေ့တာနက် ​​သူတို့ရဲ့ ​​လှေပေါ်ကနေ ​​ခုန်ဆင်းပြီး ​​ဝမ်းပန်းတသာ ​​ကူးခတ်လာကြတုန်း ​​လူ ​၂ ​ဦး ​သေဆုံးရတာမျိုးလည်း ​​ဖြစ်ပေါ်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ​​ဖြစ်နေတဲ့ ​​စစ်တွေနဲ့ ​​ဆင်းရဲမှုတွေကို ​​အခွင့်ကောင်းယူပြီး ​​လူကုန်ကူးသူတွေက ​​ငွေတွေယူပြီး ​​လူတွေကို ​​ဥရောပတိုက်ဆီ ​​ပို့ဆောင် ​​ကုန်ကူးနေတာ ​​ဖြစ်ပါတယ်။

၂၀၁၄ ​​ခုနှစ်အတွင်း ​​ဥရောပတိုက်ကို ​​ဝင်ရောက်လာသူ ​​၂၇၆၀၀၀ ​​ထဲက ​​လူပေါင်း ​​၂၂၀၀၀၀ ​​ဟာ ​​မြေထဲ ​​ပင်လယ်ကနေတဆင့် ​​လှေတွေနဲ့ ​​ခိုးဝင်လာကြတာ ​​ဖြစ်တယ်လို့ ​​သိရပါတယ်။

ဒီအချိန်ဟာ ​ရာသီဥတု ​ကောင်းမွန်ချိန် ​ဖြစ်တာကြောင့် ​လှေတွေနဲ့ ​ဝင်လာသူတွေ ​များပြားဖို့ ​ရှိတယ်လို့လည်း ​ခန့်မှန်းနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြေထဲပင်လယ်ဖြတ်သူ ၅၈၀၀ ကို ကမ်းခြေတပ် ကယ်တင်  မြေထဲပင်လယ်ဖြတ်သူ ၅၈၀၀ ကို ကမ်းခြေတပ် ကယ်တင် Reviewed by သစ်ထူးလွင် on 11:06 Rating: 5
Powered by Blogger.