လှေစီးပြေး ရွှေ့ပြောင်း သူ တွေ အရေး နိုင်ငံတကာ အာရုံစိုက် |
ဒီ ညီလာခံ ကို နော်ဝေ နိုင်ငံ Nobel Institute and Voksenaasen ဆိုတဲ့ နိုဘယ် ဆု ရွေးချယ်ရေး နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်း အခြေ စိုက် တဲ့ နေရာ မှာ ကျင်း ပ နေတာ ဖြစ် ပါတယ်။
ညီလာခံ ဖွင့် ပွဲ မှာ တော့ တောင်အာဖရိ က နိုင်ငံ က လူဖြူ လူမည်းခွဲခြားရေး ကို ဆန့်ကျင် လှုပ်ရှား ခဲ့တဲ့ ငြိမ်း ချမ်းရေး နိုဘယ်လ် ဆုရှင် အင်္ဂ္လီကန် ဘုန်းတော်ကြီး ဒပ်စမွန် တူး တူး အပါအဝင် လူ့ အခွင့်အရေး ဆိုင်ရာ နယ် ပယ် ၊ ကမ္ဘာ့ နိုင်ငံရေး နယ်ပယ် အသီးသီး က ထင်ရှား သူတွေ က ဖွင့်ပွဲ မိန့်ခွန်း တွေ ကို ဗီဒီ ယို ကနေ တဆင့် အသီးသီး ပြော ကြား ခဲ့ ပါတယ်။
ဒပ်စ်မွန် တူးတူး က ဒီ နှစ် ၂၀၁၅ ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ အထွေထွေ ရွေးကောက်ပွဲ စတဲ့ အကြောင်းချင်းရာ တွေ နဲ့ မြန်မာ့ နိုင်ငံရေး မှာ အရေး ပါတဲ့ နှစ် ဖြစ်ပါတယ် ။ မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲ ရေး အတွက် တွန်းအား ပေး နေကြ တဲ့ အချိန် မှာ ရိုဟင်ဂျာ တွေ အခြေ အနေ ကို လျစ်လျူရှု ချန်ရစ် မထားဖို့ အားလုံး မှာ တာဝန် ရှိတယ် ဆိုပြီး ပြောပါတယ်။
နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် တွေ ဖြစ်တဲ့ အရှေ့ တီမောဖွား ဟိုဇေး ရာမို့စ် ဟိုးတား နဲ့ မြောက်အိုင်ယာလန် က အမျိုး သမီး မရိတ် မက်ဂွားရား တို့ ပါဝင်ကြ သလို မလေးရှား ဝန်ကြီး ချုပ် ဟောင်း မဟာသီယာ မိုဟာမက်ဒ်၊ ပရဟိတ အလှူရှင် သူဌေး George Soros တို့လည်း ဗီဒီ ယို မိန့်ခွန်း တွေ အသီးသီး ပို့ခဲ့ ကြပါတယ်။
မြန်မာ နိုင်ငံ မှာ ရိုဟင်ဂျာ တွေ အပေါ် စံနစ်တကျ ဖိနှိပ် မှု တွေ ရှိနေ သလား ဆိုတဲ့ ကိစ္စ ကိုလည်း ကျွမ်းကျင်ရာ နယ် ပယ် က သူတွေ ဦးဆောင် ပြီး ဆွေးနွေး ပွဲ လုပ် ခဲ့ ကြပါတယ်။
မြန်မာ နိုင်ငံ အတွက် ကုလသမဂ္ဂ ရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက် ခဲ့ဖူးတဲ့ Tomás Ojea Quintana လည်း ပါဝင် ဆွေးနွေး ခဲ့ ကြပါတယ်။
လူ့ အခွင့်အရေး ကို စံနစ် တကျ ချိုး ဖောက်ခံ ရမှု မျိုး ကို ကုလ သမဂ္ဂ ရဲ့ လူ့ အခွင့် အရေး ကောင်စီ မှာ သာ မကဘဲ လုံခြုံရေး ကောင်စီ မှာပါ ဆွေးနွေး ဖို့ လို ပါတယ် ဆို ပြီး သူက ပြောသွားပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု မျိုး တွေ ရှိ နေပြီ လား ဆိုတဲ့ အပေါ် မှာ ပရိသတ် ထဲ မှာ ရှိ နေတဲ့ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တဦး က လည်း ဝင်ရောက် ဆွေး နွေး ခဲ့ ပါတယ်။
ရိုဟင်ဂျာ တွေ ရဲ့ အခြေ အနေ တွေ နဲ့ ပတ်သက် ပြီး နိုင်ငံ တော် က အစပြုပြီး ရာဇဝတ်မှု တွေ ကျုးလွန် မှု ဆိုင်ရာ ကိစ္စ ရပ် တွေ အပေါ် သုတေသန ပြု နေကြတဲ့ the International State Crime Initiative က သုတေသီ တွေ နဲ့ လန်ဒန် မြို့ Queen Marry တက္ကသိုလ် က ပညာရှင် တွေက သူတို့ရဲ့ နောက်ဆုံး တွေ့ရှိ ထားမှု တွေ ကို အခု ညီလာခံ မှာ တင်သွင်း ဖို့ ရှိပါတယ်။
မြန်မာ အစိုး ရ အနေနဲ့ ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ် ကို လက်ခံ ခြင်း မရှိဘဲ တဘက် နိုင်ငံ က ဝင်ရောက် လာကြတဲ့ ဘင်္ဂါလီ တွေ လို့ ညွှန်းဆို သုံးစွဲ ကြ ပါတယ်။
အခု ကျင်း ပနေတဲ့ နော်ဝေ ညီလာခံ ကို မေ လ ၂၈ ရက် နေ့ ထိ ကျင်းပ သွားမှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ရိုဟင်ဂျာ အရေး နော်ဝေ မှာ ညီလာခံ လုပ်
Reviewed by သစ်ထူးလွင်
on
04:58
Rating: