ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ဆိုင်ကယ်ဖြတ်သန်း မောင်းနှင်သူ ယာဉ်တိုက်ခံရ၍ ဒဏ်ရာရ


နေပြည်တော်၊ မေ ၈

၂ဝ၁၅ ခုနှစ်၊ မေလ ရ ရက်နေ့ နံနက် ၁၁ နာရီ ၂ဝ မိနစ်အချိန် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၂၃/၆)အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင် အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ဥတ္တရသီရိ မြို့နယ်၊ တောင်ညိုရွာနေ ဦးမှတ်တင်(၆၈)နှစ် မောင်းနှင်လာသော ၁၉ယ/xxxx ကန်ဘို-၁၂၅ အနက်ရောင်ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၂၃/၆)အနီးရှိ လမ်းလယ်ကျွန်းလမ်းဖြတ်အား ဖြတ်သန်း မောင်းနှင်စဉ် မန္တလေးမှရန်ကုန်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဌေးကြွယ်(က)ရပ်ကွက်နေ ဦးလင်းဆွေဦး(၄၂)နှစ်မောင်းနှင်လာသည့် 4D/xxxx LEXUS အနက်ရောင်ယာဉ်နှင့် ဝင်ရောက် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်တိမ်းမှောက်ပြီး 4D/xxxx ယာဉ်မှာ လမ်းလယ်ကျွန်းဘာရီယာတုံးများအား ထပ်မံတိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိတိမ်းမှောက် မှုကြောင့် 4D/****ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆိုင်ကယ်မောင်းနှင်သူ ဦးမှတ်တင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင် ပေးခဲ့ပြီး အမြန်လမ်းပေါ် ဖြတ်သန်းမောင်းနှင်ခွင့်မရှိသည့်ဆိုင်ကယ်ကို မောင်းနှင်သူ ဦးမှတ်တင်အား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၉/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ဆိုင်ကယ်ဖြတ်သန်း မောင်းနှင်သူ ယာဉ်တိုက်ခံရ၍ ဒဏ်ရာရ  ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် ဆိုင်ကယ်ဖြတ်သန်း မောင်းနှင်သူ ယာဉ်တိုက်ခံရ၍ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 18:57 Rating: 5
Powered by Blogger.