သီပေါမြို့နယ်တွင် လှိုဏ်ခေါင်းကြီးများဖောက်၍ ကျောက်မီးသွေးတူးဖေါ်



မေလ ၃၀ ရက် ၂၀၁၅

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် တောင်တန်း တောင်ကုန်းများအား လှိုဏ်ခေါင်းဖေါက်၍ ကျောက်မီးသွေးများကို ကုမ္ပဏီကနေ့စဉ် တူးဖေါ် သယ်ယူနေသည်ဟု ဒေသခံများက ပြောသည်။

သီပေါမြို့နယ် အရှေ့တောင်ဘက် နားနျုကျေးရွာအုပ်စု ဝမ့်နမ့်မ၊ ဝမ့်လုံ၊ ကွန်နား၊ ဝမ့်ပန်ငါး၊ ဆိုင်းခေါဝ် ကျေးရွာများအနီးတစ်ဝိုက်တွင် ထွက်ရှိသော ကျောက်မီးသွေးများကို လှိုဏ်ခေါင်းဖေါက်၍ တူးဖေါ်နေသည်ဟု သိရသည်။

“လှိုဏ်ခေါင်းအကြီးကြီးဖေါက်ပြီး ကျောက်မီးသွေးတူးယူနေတာက နားကွန်ရွာမှာ။ လယ်ကွင်း နဲ့ ကျေးရွာတွေ အောက်မှာရှိတဲ့ ကျောက် မီးသွေးတွေကို နှိုက်ယူမယ်တဲ့။ ရွာသားတွေကလန့်နေတယ်။ ရွာအောက် များတကယ် လျှိုယူမလား။ အဲလိုဖြစ်ရင် ရွာများပြိုမလားပေါ့။ အဲဒါကို ဆိုင်ရာအာဏာပိုင်တွေကို သွားတိုင်ထားတယ်။ လာရောက်တားမြစ် ထားတယ်ပြောတယ်။ ဒါပေမယ့် ကျောက်မီးသွေးတင်ဆောင်တဲ့ကားတွေေ တာ့ နေ့တိုင်းတွေ့နေသေးတယ်” - ဟု ရွာသား ဆွမ့်တာလိတ်း ကပြောသည်။

“ ကျောက်မီးသွေးလာမတူးခင်တုန်းကကုမ္ပဏီက ပြည်သူလူထုကို ဘာမှ မထိခိုက် မနစ်နာစေရဘူး။ ပြည်သူတွေကြုံတွေ့နေရတဲ့ လမ်း ၊ တံတား ၊ မြောင်း ပြဿနာတွေကိုလည်း ကူညီဖြေရှင်း ပေးမယ်လို့သေေ သချာ ချာပြောသွားတယ်” ဟု ဒေသခံရွာအကြီးအကဲမှပြောသည် ။

လက်ရှိတွင် နောင်နွေးရွာ အထက်က ဆည် ပြိုကျမှုကြောင့် လယ် ရေသွင်း ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း၊ ကျောက်မီးသွေးတွင်းမှ ထွက် သည့် မြေများ ချောင်းအတွင်း ဝင်ကုန်သဖြင့် ချောင်းရေပြောင်းလဲ စီးဆင်းကာ နမ့်မချောင်း ပျက်စီးကြောင်း၊ ကျောက်မီးသွေးတွင်း တွင်ဝပ်နေသည့်ရေများကိုလည်း ကုမ္မဏီမှ စုတ်ထုတ်ကာ နမ့်မချောင်း အတွင်း ပို့လွတ်သဖြင့် နမ့်မချောင်းရေအား သောက်သုံးရေအဖြစ် မှီဝဲနေသည့် ဒေသခံများ ရေရှည်အတွက် ကျန်းမာရေးထိခိုက်လာမည်ကို အထူးစိုးရိမ်သည်ဟု နမ့်မရွာသား အိုက်ရှဲန်က ပြောသည်။

၂၀၁၃ ခုနှစ်ကလည်း ဒေသခံပြည်သူများမှ နှစ်ရှည်တူး ထားသော ကျောက် မီးသွေး တွင်းဟောင်းကြီးအား မြေပြန်ဖို့ပေးရန် ဒေသခံလူထု စုပေါင်းလက်မှတ်ရေး ထိုးတောင်းဆိုထားသော်လည်း ယနေ့တိုင် ကုမ္ပဏီများ လာရောက်ဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်းသိရသည်။ ကျောက်မီးသွေး တူးဖေါ်ရေး ငွေရည်ပုလဲ ကုမ္ပဏီ မန်နေဂျာဟောင်းက ရွာသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဟု ကတိကဝတ်ပေးထားသော်လည်း မန်နေဂျာသစ် ဦးအေးခိုင်က ၎င်းနှင့်မသက်ဆိုင်ဟု ရွာသားများအား ပြောခဲ့ကြောင်း ရွာသားများကပြောပါသည်။

ဓါတ်ပုံ- သီပေါ ကျောက်မီးသွေးတွင်း
သျှမ်းသံတော်ဆင့် ( ဖွေးနွမ်)
https://www.facebook.com/Panglong.burmese
သီပေါမြို့နယ်တွင် လှိုဏ်ခေါင်းကြီးများဖောက်၍ ကျောက်မီးသွေးတူးဖေါ် သီပေါမြို့နယ်တွင် လှိုဏ်ခေါင်းကြီးများဖောက်၍ ကျောက်မီးသွေးတူးဖေါ် Reviewed by သစ်ထူးလွင် on 20:03 Rating: 5
Powered by Blogger.