မော်တော်ယာဉ်အရှိန်မထိန်းနိုင်သဖြင့် ဈေးဆိုင်တန်းကို ဝင်တိုက်


 ကချင်ပြည်နယ် မိုးညှင်းမြို့ နမီးစုဈေးဆိုင်တန်းတွင် ယခုလ ၂၅ ရက် နံနက် ၁၁ နာရီ၌ အရှိန် မထိန်းနိုင်ဘဲမောင်းနှင်လာသော မော်တော်ယာဉ်ဝင်ရောက်တိုက်မိ သဖြင့် ဈေးဆိုင်တန်းရှေ့တွင် ခင်းကျင်း ထားသော ရောင်းကုန်ပစ္စည်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ဖြစ်ပွားပုံမှာ ယခုလ ၂၅ရက် နံနက် ၁၁နာရီတွင် စိမ်းရတနာမွန်(မြောက်)ရပ်ကွက်နေ ဒေါ်နှင်းရည် မောင်းနှင်လာသော Belta အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၆ J........ သည် အရှိန်မထိန်းနိုင်သဖြင့် နမီးစုဈေးတန်းရှိ Smart အလူမီနီယံဆိုင်ခန်းရှေ့ရှိ ရောင်းကုန်ပစ္စည်းအချို့နှင့် ရေခဲသေတ္တာတို့ကို တိုက်မိခဲ့သည်။

အခင်းဖြစ်ပွားရာသို့မြို့မရဲစခန်း (မိုးညှင်း)မှ ဒုတိယစခန်းမှူး ရဲအုပ် ဝင်းဌေးနှင့် တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လိုအပ်သည်များကိုဆောင်ရွက်ကာ မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်သော ဒေါ်နှင်းရည်အား အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကချင်မြေနဂါး
The Union Daily
http://uniondaily.net
မော်တော်ယာဉ်အရှိန်မထိန်းနိုင်သဖြင့် ဈေးဆိုင်တန်းကို ဝင်တိုက်  မော်တော်ယာဉ်အရှိန်မထိန်းနိုင်သဖြင့် ဈေးဆိုင်တန်းကို ဝင်တိုက် Reviewed by သစ်ထူးလွင် on 19:45 Rating: 5
Powered by Blogger.